Part 20

19.9K 1K 21
                                    

Unicode

တကယ်ပါ စေတမာန်ကသူ့ကိုတကယ်ကြီးစိတ်ဆိုးနေတာ။ အန်တီတို့အိမ်ကအပြန် မေမေအိမ်မှာ တစ်ရက်အိပ်ဖို့လုပ်တော့ မေမေနဲ့ရွှန်းရွှန်းဝေအောင်စကားပြောပေမယ့် သူ့ကိုကြပြောမလာ။ လွှမ်းဂနီတကယ်ကြီးအကျင့်ဖြစ်နေပြီလား။ သူ့ကိုလူဆိုးကောင်စကားမပြောတော့ နေရခက်ပါ၏။ အလုပ်လုပ်နေတာကို လက်လွတ်စပယ်လုပ်လို့မှမရတာ။ နားလည်အောင်ချော့ပြောရအုန်းမည်။

"စေတမာန် မအိပ်သေးဘူးမလား ထ စကားပြောရအောင်"

"...."

"စေ...ကလေးလိုဆိုးမနေနဲ့ထလို့"

သူ့အိပ်ရာပေါ်မှာ အဆန့်သားအိပ်နေသူဘေးကိုဝင်ထိုင်ကာ လက်ကိုလှုပ်ပြီးထဖို့ပြောနေရတာ။ ပေကပ်ကပ်နှင့်မျက်လုံး လုံးဝဖွင့်ကြည့်မလာ။

"အလုပ်လုပ်နေတာလေကွာ၊ ဒီပရောဂျက်ပြီးသူနဲ့လက်မတွဲတော့ဘူး ဟုတ်ပြီလား အင့်!"

စကားသံအဆုံးလက်မောင်းရင်းကကိုင်ကာ ဆွဲလှဲခံလိုက်ရ၏။ သူ့ဘေးတည့်တည့်သူ့ရင်ခွင်ထဲ အံဝင်ခွင်ကျ။

"မောင် ဆိုးခဲ့တာတွေ၊ မောင်ရဲ့ရန်ဘတ်တွေမင်းဆီဦးတည်လာမှာ မောင်မလိုချင်ဘူး၊ မင်းကို မောင်က ဘယ်လိုမှအထိအခိုက်မခံနိုင်ဘူး လွှမ်း၊ မောင်စိုးရိမ်တာက မောင်မသိခင် မင်းတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်တာ"

"ငါကရော သူတို့လုပ်ချင်တိုင်းလုပ်လို့ရမယ့်လူမျိုးလား"

"ဒါပေမယ့် မောင်စိုးရိမ်တယ်လေ၊ မင်းအလုပ်တွေ director တွေခန့်ပြီးလွှဲလိုက်တော့ မင်းမလုပ်တော့နဲ့၊ မင်းအနားကပ်တဲ့သူတွေက မောင့်ကိုတိုက်ခိုက်ချင်နေတဲ့သူတွေ၊ မင်းသာသူတို့ကြောင့် တစ်ခုခုဖြစ်လို့ကတော့ မောင်သူတို့ကို သေတွင်းပို့ပစ်မှာ"

"မင်း ဘယ်လိုတွေပြောနေတာလဲ"

"မင်းကြားတဲ့အတိုင်းပဲ"

စေတမာန်သူ့ကိုချစ်တာ သူခံစားမိနေ၏။ ဒါဆိုသူကရော။ သူကိုယ်တိုင်လဲ ခံစားချက်တွေရှိနေတာပါပဲ။ သို့ပေမယ့် စေတမာန်လိုဖွင့်ဟဝန်ခံဖို့ ကြင်နာပြဖို့ ရှက်သည်။ မောင်လို့လဲသူခေါ်ပေးချင်ပေမယ့်နှုတ်ကထွက်မလာ။ ရုတ်တရက် နှုတ်ခမ်းထက်ကနွေးသွားတော့၏။ နှုတ်ခမ်းတွေကအချင်းချင်းရစ်ပတ်နေပြီး မခွာတော့။ ရင်ခွင်ထဲစောင်းနေတဲ့သူ့ခန္ဓာကိုယ်လေးကလဲ ပက်လက်အနေအထားဖြစ်သွားပြီး သူ့အပေါ်စေတမာန်ကအုပ်မိုးလာတော့သည်။

Noisy Love My Hlwan (Complete) Uni & Zawgyi Where stories live. Discover now