Final

24.1K 983 22
                                    

Unicode

ဖျားချင်သွားတဲ့လွှမ်းကြောင့်ဟိုတယ်မှာ အခန်းကိုတစ်ပတ်လောက်ဆက်ယူလိုက်ရ၏။ ဖျားတာကနည်းနည်း အခန်းထဲကအပြင်မထွက်ရဲဘူးဟုဆိုသည်။ ‌ဖျားချင်နေလို့ ဆရာဝန်ခေါ်ပေးမယ်ဆိုလဲ မခေါ်နဲ့နော် ခေါ်ရင်မင်းကိုစကားမပြောဘူးဟုပြောသေးတာ။ တမာန့်မှာ ကိုယ့်အတတ်ကိုယ်စူးသွားတာပေါ့။ အနားအကပ်မခံတဲ့ဖျားချင်နေသူကိုချော့ရသေးသည်။ လွှမ်းကတော့ သူ့ကိုပွေ့ကာဖက်ထားသူကို ကြည်ဖြူနေတာမဟုတ်။ မောင့်ရဲပြည်တည်တည်မျက်နှာထားကိုမြင်တိုင်း ဒီအခန်းထဲကိုရောက်တဲ့ညကကိစ္စတွေကမျက်လုံးထဲကိုပြန်မြင်လာတော့သည်။ သူကတော့ ကျေနပ်နေမှာပေါ့ သူလုပ်ချင်တာတွေလုပ်လိုက်ရတာကို။

ဟိုတယ်အခန်းကိုစရောက်သည့်ည

လွှမ်းမှာသူမြင်သွားတွေနဲ့ပတ်သက်ပြီးမသိချင်ယောင်ဆောင်ကာ စောင်အောက်ဝင်အိပ်တော့သည်။ မောင်အဲ့ဒိဗီဒိုတွေထဲက အရာတွေကိုမေ့နေပါစေဆုတောင်းရတာလဲအကြိမ်ကြိမ်။ ရေချိုးခန်းတံခါးဂျောက်ဆိုတဲ့အသံကိုကြားတာနဲ့ စောင်အောက်ကလွှမ်းမှာချွေးပြန်ချင်တော့သည်။

ရေချိုးခန်းက သဘတ်ပိုင်းပတ်ကာထွက်လာတဲ့တမာန်ကတော့ စောင်ခြုံအိပ်နေသူကြောင့် အနည်းငယ်အံ့ဩသွားသည်။ တကယ်အိပ်နေတာလားပေါ့။ အနားကပ်သွားတော့မှ လှုပ်တာတွေ့လိုက်တာကြောင့် မအိပ်သေးမှန်းသိသွားတာ။ တဆက်ထဲအနားကပ်သွားကာဘေးကိုတင်ပါးလွှဲဝင်ထိုင်ရင်း အရှေ့ကဗီဒိုကိုတွေ့သွားမှ ဘာကြောင့်လဲဆိုတာ တမာန်သိသွား၏။ လွှမ်းလဲဒါကိုမြင်သွားမှာပင်။

"အဟွန်း! လွှမ်း မအိပ်ချင်သေးပဲနဲ့ ထ ဘာလို့စောင်ကိုခေါင်းမြီးခြုံထားတာလဲ"

"အိပ်တော့မလို့ အိပ်ပျော်တော့မှာ"

"မအိပ်သေးပဲနဲ့ကွာ"

"အိပ်မှာ မောင်လဲအိပ်တော့"

မောင့်ဆီကအသံတိတ်သွားပြီး မွေ့ယာကလှုပ်သွား၏။ သို့ပေမယ့် ဗီဒိုမှန်ဖွင့်တဲ့အသံကြားလိုက်တာနဲ့ လွှမ်းမှာရင်တွေတုန်နေတော့သည်။

"လွှမ်း ထ"

"ဟင့်! မောင့်!"

"မောင့်အပေါ်လာ"

Noisy Love My Hlwan (Complete) Uni & Zawgyi Where stories live. Discover now