Part 15

19K 1.1K 16
                                    

Unicode

ထင်တဲ့အတိုင်း ကားပြိင်ပွဲကပုံတွေကအွန်လိုင်းမှာနေရာယူနေတော့သည်။ လွှမ်းဂနီမှာ ရုံးလာလာချင်းတချို့တွေကွက်ကြည့်ကွက်ကြည့် ကြည့်တာသိပေမယ့်ဘာမှန်းသေချာမသိ။ အထဲရောက်မှ ကောင်းထက်ပြောလို့တာဖြစ်ပြီး သူဒီအခန်းထဲကအပြင်ကိုလုံးဝထွက်တော့မှာမဟုတ်သလို ညနေပြန်ရင်လဲ ဝန်ထမ်းတွေအားလုံးပြန်သွားမှ မရှိတော့ဘူးဆိုမှ ထွက်ဖို့ဆုံးဖြတ်ချက်ချပြီးသား။ ကောင်းထက်ပြလာတဲ့ပုံတွေကိုတောင် သူဆုံးအောင်မကြည့်ရဲ။ ပုံတွေကမသိရင်နှစ်ဦးနှစ်ဖက်အလိုတူအလိုပါ။ သူ့ခါးကိုလူဝံကောင်ရဲ့လက်တစ်ဖက်ကဖက်ပြီး တစ်ဖက်ကမေးစေ့ကိုလက်မနဲ့ထောက်ကာယူထားတာဖြစ်ပြီး သူကလူဝံကောင်အင်္ကျီကိုဆုပ်ကိုင်ထားတာ။ တကယ်ကိုဓါတ်ပုံက အလိုတူအလိုပါပင်။ အလိုမတူတာ သူအသိ။

ဒေါက်~ဒေါက်

တံခါးခေါက်လိုက်တာကြောင့်ကိုယ်ကိုမတ်လိုက်၏။ ဝင်လာသူကမြင့်မိုရ်။ မြင့်မိုရ်မှန်းသိတာနဲ့နောက်ပြန်မှီထိုင်လိုက်‌တော့သည်။

မြင့်မိုရ်မှာသတင်းတွေကိုတွေ့ပြီးအခုထိမယုံနိုင်သေး။ အရမ်းရှက်တတ်တဲ့သူ့သူငယ်ချင်းလေး၊ အရမ်းအေးတဲ့သူ့သူငယ်ချင်းလေးက ဟိုအရိုင်းအစိုင်း အရှုပ်အပွကောင်ကြောင့် ကလပ်လဲရောက်ဖူးပြီ၊ ကားပြိုင်ပွဲလဲရောက်ဖူးသွားပြီ။ ရောက်ဖူးယုံတင်မဟုတ် လူအများကြီး လူ့ဗရုတ်တွေကြားနမ်းနေတဲ့ပုံပါထွက်လာသေးတာ။ သူ့မှာတော့ ဖွင့်ပြောလိုက်ရင်သူငယ်ချင်းဆိုတဲ့သံဃောဇဉ်လေးကိုဖြတ်သွားမှာကြောက်လို့ ဖွင့်မပြောပဲနေရတာ။ အခုတော့ သူ့သူငယ်ချင်းလေးက လုံးလုံးပါသွားပြီ။

"မင်းလဲနော် သတင်းတွေထွက်လာမှ ငါကသိရတော့တယ်"

"အင်း ဒီလိုပဲဖြစ်သွားတယ်၊ မေမေတို့လူကြီးတွေစီစဉ်တာ"

"ငါ့ကိုသတိမရဘူးမလား"

"ရပါတယ် ငါ့မှာတိုင်ပင်ဖော် သူငယ်ချင်းဆိုလို့မင်းပဲရှိတာ"

"တော်သေးတာပေါ့ တိုင်ပင်ဖော်မို့လို့ တိုင်ပင်လိုက်တာ"

"မဟုတ်ပါဘူးကွာ ကိစ္စတွေကဆက်နေတော့ တိုင်ပင်ချိန်လဲမရပါဘူး"

Noisy Love My Hlwan (Complete) Uni & Zawgyi Where stories live. Discover now