Part 21

19.3K 1K 26
                                    

Unicode

"အစ်ကို ပရောဂျက်ကလဲ စနေပြီ ဆိုတော့ ကျွန်တော်တို့ ညစာအတူစားရအောင်၊ ခင်မင်သွားတဲ့အထိမ်းအမှတ်နဲ့ ကျွန်တော် ဝယ်ကျွေးချင်လို့ပါ မပန်းချီရော"

"ကိုယ်လိုက်ဖြစ်မယ်မထင်ဘူး"

"လိုက်ခဲ့ပါ မောင်လေးရဲ့ မောင်လေး အမျိုးသား စေတမာန်ကိုပါ ခေါ်ခဲ့လိုက်လေ"

လွှမ်းဂနီမှာ အခက်တွေ့နေတော့သည်။ စေတမာန်က သူတို့ကိုသိပ်ကြည်တာမဟုတ်မှန်း သူအသိ။ သို့ပေမယ့် ကိုယ်နဲ့လက်တွဲလုပ်နေသူတွေဆိုတော့ ဒီလောက်ခေါ်နေတာ ငြင်းလို့လဲမကောင်း။ သူခေါ်ကြည့်လိုက်ပါအုန်းမယ်ဟု တွေးကာ ဖုန်းနှင့်အရင်မေးရန် ဖုန်းခေါ်လိုက်တော့သည်။

(ထူးထူးဆန်းဆန်း ဘာပူဆာမလို့လဲ)

စေတမာန်မှာ သော်ဇင်နဲ့ကား system တွေကိုစစ်ဆေးနေတာဖြစ်ပြီး network ပြန်ချိတ်ပေးနေတာဖြစ်၏။ Network ပြန်ချိန်ပေးနေတုန်း ဖုန်းခေါ်လာသူကြောင့်မျက်ခုံးတွေ ပင့်သွားတော့သည်။ ထူးထူးဆန်းဆန်းဖုန်းစဆက်လို့လေ။ ပြီးခဲ့တဲ့ရက်တုန်းက မောင်လို့စိတ်လိုလက်ရခေါ်ပြီး ထပ်ခေါ်ခိုင်းတာမရတော့။

“မဟုတ်ပါဘူး၊ ဒီမှာလေ ညစာစားဖို့ခေါ်နေလို့ မင်းပါလိုက်ခဲ့နော်”

(ဘယ်သူကလဲ)

“ညနေရုံးဆင်းတာနဲ့သွားမှာလေ၊ ဇေရဲကလေ ပြီးတော့အစ်မ ပန်းချီလဲပါနေတော့မလိုက်လို့မကောင်းဘူးလေ”

(မောင်လဲမလိုက်ဘူး မင်းလဲမသွားရဘူး)

“အဲ့လိုကြီးငြင်းလို့မကောင်းဘူးလေ”

(မသိဘူး မောင်မသွားရဘူးဆို မသွားရဘူး)

“မောင်!”

ခေါ်သံအဆုံးမှာ စေတမာန်ပြုံးမိလိုက်တော့သည်။ လွှမ်းဂနီတို့ကလွယ်မနေ။ သော်ဇင်မှာ သူ့ဆရာသမားကိုကြည့်ကာလန့်သွား၏။ သူ့ဆရာသမားက ဒီလိုတစ်ခါမှ ပြုံးဖူးတာမဟုတ်။

“ခင်များ ယောက်ျားကို ဘယ်လိုပူဆာရမလဲ ဆိုတာသိနေပြီ”

(လိုက်ခဲ့မှာမလား လိုက်ခဲ့နော်)

လွှမ်းဂနီမှာ မောင်လို့ခေါ်လိုက်ရတာ မျက်နှာတွေရဲပလောင်းခတ်နေတော့တာပါပဲ။ ဒီလိုမှမခေါ်ရင် စေတမာန်တို့ကမရ။ တစ်ဖက်က သူနဲ့ညိထားတယ်ဆိုပေမယ့်ကိုယ့်ကိုဆက်ဆံတာက အကောင်း။ ပြီးတော့ အစ်မပန်းချီကပါ ခေါ်နေတာ။ အမျိုးကဝေးတယ်ဆိုပေမယ့် အမျိုးကအမျိုးပဲမလား။ ဇေရဲနဲ့ပန်းချီကတော့ မောင်’ လို့ခေါ်လိုက်သံကြားတုန်းက ဆက်ကနဲလှည့်ကြည့်ပေမယ့် အလိုက်သိစွာ ဆက်မကြည့်တော့။ သို့ပေမယ် တစ်ယောက်ဆီရဲ့စိတ်ထဲမှာတော့အလိုမကျမှုတွေက ကြီးစိုးနေတော့သည်။ ပန်းချီ့အတွက်က မောင်’ ဆိုတာသူစိတ်ကူးယဉ်ခေါ်ဖူးတဲ့ နာမ်စားပါပဲ။ ဇေရဲကတော့ စေတမာန်ကိုမနာလိုမှုတွေ ဖြစ်တည်နေပြီး အစ်ကိုနဲ့စေတမာန် တစ်ခုခုများဖြစ်ရင် သူ့ဘက်ပါလာအောင် အစ်ကို့ရှေ့မှာအကောင်းဆုံး နေထိုင်ပြဖို့စဉ်းစားထားတာပါပဲ။

Noisy Love My Hlwan (Complete) Uni & Zawgyi Where stories live. Discover now