Part 25

17.1K 968 9
                                    

Unicode

"တမာန် မင်းမနားတော့ဘူးလား တရေးအိပ်ပါအုန်းလား"

"မအိပ်တော့ဘူး"

"မင်းညလုံးပေါက်ထားတာနော် ငါတို့နဲ့ရှိုးရွန်းလိုက်ခဲ့ မနက်မှထပြန်လေ"

"ရတယ် ပြန်ပြီ သော်ဇင်မင်းလဲနားလိုက်အုန်း"

"ဟုတ်ကဲ့ အစ်ကို"

"ပြန်ပြီ ဟေ့ရောင်တွေ"

သူတို့မနက် ၃ နာရီမှာ လက်စသတ်သွားတာဖြစ်ပြီး စည်သူတို့အားလုံးက ရှိုးရွန်းမှာပဲအိပ်ဖို့လုပ်ထားပြီး သူကတော့ လွှမ်းပြန်ရောက်နေမှာကိုသိတာကြောင့် အိမ်ပြန်မှာဖြစ်သည်။ အသိမ်းခံထားရတဲ့ဖုန်းကို စက်ဖွင့်လိုက်တော့ လွှမ်းခေါ်ထားတာ ၂ခါ။ တကယ်ကို ၂ ခါထက်ပိုမခေါ်။ လွှမ်းအိပ်ရေးပျက်မှာစိုးတာကြောင့် ပြန်မခေါ်ပဲ အိမ်ပဲပြန်ခဲ့လိုက်၏။ အိမ်ရောက်တော့ အခန်းလွတ်တစ်ခန်းမှာရေဝင်ချိုးကာ bathrobe ကောက်ဝတ်ပြီး အိပ်ခန်းထဲဝင်လိုက်သည်။ မီးအလင်းရောင်ပြပြပဲရှိတဲ့အခန်းထဲမှာ သူလွမ်းနေတဲ့ သေးသေးလေးက စောင်ခြုံကာတစောင်းအိပ်နေလေရဲ့။ သူဘေးကနေဖွဖွလေးစောင်ထဲတိုးဝင်ကာ လွမ်းနေရတဲ့သူကိုဖက်ကာ ခေါင်းကိုနစ်ဝင်အောင်နမ်းလိုက်ပြီး အိပ်လိုက်တော့သည်။

လွှမ်းမှာ မနက်လင်းလာတာနဲ့ မျက်လုံးတွေမဖွင့်ချင်သေး။ ညကတမာန်ကိုစောင့်ရင်း ၁ နာရီကျော်မှအိပ်ကျော်သွားတာဖြစ်သည်။ ဒီနေ့ရုံးတောင်သွားနိုင်ပါ့မလားမသိ။ သူစေတမာန်နဲ့စာရင်းရှင်းစရာတွေရှိသေးတယ်မလား။ ဒါနဲ့ဒီလူဆိုးကောင်က ဘယ်အချိန်မှပြန်လာမှာလဲ။ အတွေးနဲ့အတူ မဖွင့်သေးတဲ့မျက်လုံးတွေပေါ်က မျက်ခုံးတွေကတွန့်သွားတော့သည်။ တစ်ဆက်ထဲခံစားနေရတာက သူ့ကိုယ်ပေါ်မှာတစ်ခုခုပိနေသည့်နှယ်လေးနေ၏။ စောင်ထဲကလက်ကိုအောက်ဆင်းကာ ကိုင်တွယ်ကြည့်တော့ ခါးမှာလက်တစ်စုံရစ်သိုင်းလျှက်။ လက်ပေါ်က လက်စွပ်ကိုစမ်းမိသွားတဲ့အချိန်မှာတော့ လူဆိုးကောင်မှန်းသိလိုက်တော့သည်။ သူဘယ်အချိန်ကပြန်ရောက်လာတာလဲ ကိုယ်ဘာမှမသိလိုက်။

ညကပြန်မလာတာရော ဆက်သွယ်လို့မရတာရော သတိရသွားကာ လွှမ်းသူ့ခါးပေါ်ကလက်တွေဆွဲဖယ်လိုက်၏။ သူဆွဲဖယ်ကာမှခဏလွှတ်ကာ ပြန်ဆွဲဖက်ခံရတော့သည်။

Noisy Love My Hlwan (Complete) Uni & Zawgyi Where stories live. Discover now