EXTRA

27.2K 1.1K 21
                                    

Unicode

"လူဝံကောင်လေးရေ"

အဟွန်း! လွှမ်းကအခုနောက်ပိုင်း သူ့ကိုစသလိုလိုနဲ့ လူဝံကောင်လေးဟုတောက်လျှောက်ခေါ်နေတာ။ တမာန်ကလဲအဲ့လိုမျိုးဆိုမထူး။

"လူဝံကောင်လေးရေ မင်းအစ်ကိုကြီးခေါ်နေတယ်ကွ ထူးလေ"

လွှမ်းတို့ကပညာပေးမှရတော့မယ်။ ရေချိုးခန်းထဲက တမာန်ကတော့လွှမ်းခေါ်တာမထူးပဲ လွှမ်းကိုပညာပြဖို့လုပ်နေ၏။ ဒါကိုမသိတဲ့ လွှမ်းကတော့ ပါးစပ်ကနေ လူဝံကောင်လေး လူဝံကောင်လေးဟုဆိုကာရေချိုးခန်းရှေ့ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့ တောက်လျှောက်ခေါ်နေတော့တာ။

"လူဝံ...အင့်!"

ထပ်ခေါ်မယ်လုပ်တော့ ရေချိုးခန်းတံခါးကပွင့်သွားကာ တစ်ကိုယ်လုံးရေစိုနေတဲ့မောင်ကပေါ်လာပြီး သူ့ကိုရေချိုးခန်းထဲမသွားတော့၏။

"မောင် ငါရေချိုးပြီးပြီ"

"အင်း"

မောင်က အင်းတစ်လုံးပဲဖြေပြီး သူ့အဝတ်တွေဆက်ချွတ်နေ၏။ မောင့်တစ်ကိုယ်လုံးက ရေတွေသီးနေလျှက်။

"ပြန်ခေါ်ပါအုန်း ဘယ်လိုခေါ်တာ"

"စ...စတာ"

"ဘာဖြစ်တယ် အစ်ကိုကြီးဟုတ်လား"

"ငါကမောင့်ထက်အသက်ကြီးတယ်လေ ဟင့်မောင့်!"

မောင်ကမျက်နှာချင်းဆိုင်ကြီးနဲ့သူ့အဝတ်တွေချွတ်ချကာ သူ့အရာလေးကို ဆွဲလှုပ်တော့သည်။ လွှမ်းမှာရေရွှဲနေတဲ့မောင့်ပုခုံးကိုကိုင်ရင်း ရင်ဘတ်ကိုနဖူးနဲ့မှီကာ အော်ညည်းရတော့သည်။ လွှမ်းက စတာကိုမောင်ကအနိုင်ကျင့်သည်။ အစ်ကိုကြီးလား ယောက်ျားလားသဲသဲကွဲကွဲဖြစ်အောင်လို့ဟုဆိုကာ မောင်ကလွှမ်းအား ရေချိုးခန်းထဲမှာပညာပြသည်။

ဒါပေမယ့်လွှမ်းကိုယ်တိုင်ကလဲအမှတ်မရှိပါ။ မောင့်ကိုဆို လူဝံကောင်လေးဟုစမြဲစနေတော့တာပါပဲ။ အခုတော့ မောင့်မှာဂရုနှစ်ခုရဲ့အလုပ်တွေကူလုပ်နေရပြီလေ။ လွှမ်းမှာရုံးခန်းထဲမှာလဲ ဂရုနှစ်ခုစာ လာသမျှတွေစစ်လိုက်နှင့်အလုပ်ရှုပ်နေတော့တာ။ မောင်ကတော့ ကနေဒါကို အစည်းအဝေးသွားတက်ပြီး သူ့အစားလုပ်ဆောင်ပေးနေရ၏။ ဒါတောင်သူမသွားနိုင်လို့ချော့မော့လွှတ်ရတာ။

Noisy Love My Hlwan (Complete) Uni & Zawgyi Where stories live. Discover now