Part 27

16.3K 927 6
                                    

Unicode

"အစ်ကို ကျွန်တော် ပရောဂျက်တွေမကိုင်ပဲနေရမလားဟင်"

"ဘာဖြစ်လို့လဲ"

"စေတမာန်က မကြိုက်ဘူးထင်တယ်၊ ကျွန်တော့်ကိုပဲ မဲနေသလိုပဲ"

"ရပါတယ် ကိုယ်သူ့ကိုပြောထားတယ် အလုပ်နဲ့ကိုယ်ရေးကိုယ်တာခွဲခြားထားဖို့ပြောထားတယ်"

"ကျွန်တော်အစ်ကို့ကို တကယ်အဲ့ဒါတွေကြောင့် လေးစားရတာ၊ အစ်ကို့ဆီက ကျွန်တော်အများကြီးသင်ယူရတယ်"

"မင်းအထောက်အကူဖြစ်ရင်ရပါတယ်၊ ဒါနဲ့ အစ်မပန်းချီနဲ့ရော လက်တွဲရတာအဆင်ပြေရဲ့လား"

"ဟုတ်ကဲ့ ပြေတယ်"

"အိုကေ အိုကေ"

မပန်းချီနဲ့ဇေရဲက ရှင်းသည်။ သူ့အကြိုက်ကိုယ့်အကြိုက်သိပြီး ကိုယ့်အကန့်နဲ့ကိုယ်နေသည်။ မပန်းချီက စေတမာန့်ကိုသဘောကျပေမယ့် အခုနောက်ပိုင်း ‌လက်လျော့လိုက်ပုံရသည်။ သူကတော့ အစ်ကို့ကိုလက်မလျော့။ သူထိခိုက်ခံရင်ခံရပါစေ အစ်ကိုသူ့ကိုအကောင်းမြင်ဖို့ကအရေးကြီးသည်။

လွှမ်းမှာ ဇေရဲကိုအကဲခတ်ကြည့်တော့လဲ တကယ်ကိုသူမြင်ရတာလူကောင်းပင်။ ကားနဲ့ထိခိုက်မိတုန်းကကိစ္စကိုလဲ ကောင်းသည်ဆိုးသည်ပြောမလာ။ သူ့အနေနဲ့မေးဖို့ကလဲ တစ်ခုခုပြောလာမှာဆိုးတာကြောင့်မမေးပဲ မတောင်းပန်ပဲလျစ်လျူရှု့လိုက်၏။ ပထမ တမာန်ရဲ့အပြုအမူကြောင့်တောင်းပန်ပါတယ်ပြောမလို့ပါပဲ။ အခုတော့မပြောဖြစ်။ စေတမာန်ပြောပြထားတာလဲရှိသေးတယ်မလား။

နေ့လည်ထမင်းစားပြီးချိန်တော့ မြင့်မိုရ်ကရောက်ချလာတော့သည်။ မြင့်မိုရ်နဲ့လဲအခုနောက်ပိုင်း မတွေ့ဖြစ်။

"ဂရုနှစ်ခုပေါင်းမလို့ဆိုပြီး အသံတွေကြားနေတယ် ဟုတ်လား ဂနီ"

"အင်း"

"မင်းတော့ အလုပ်ရှုပ်တော့မှာပဲ မင်းကောင်ကနည်းနည်းပါးပါးကူမလုပ်ဘူးလား"

"သူမှ ဒီအပိုင်းကိုစိတ်မဝင်စားတာ သူစိတ်ဝင်စားတာလုပ်ပါစေ"

"မင်းလဲနော် အစ်က ဟိုဟာဖြစ်လို့ဒီဟာဖြစ်လို့မလိုချင်ဘူးဆိုလို့သာပဲ"

Noisy Love My Hlwan (Complete) Uni & Zawgyi Where stories live. Discover now