Part 36

20K 915 12
                                    

Unicode

"ပြော အခုပြော မင်းသေချာမပြောလို့ကတော့ မလွယ်ဘူးနော်"

"မောင် ဘာပြောရမှာလဲ"

"မင်း ဘယ်အချိန်ထဲကသတိရနေတာလဲဆိုတာပေါ့"

ညထဲကရစ်နေသူကို ချော့မော့ကာ အိပ်ခိုင်းလိုက်ရတာ။ မနက်ရောက်လို့မျက်လုံးပွင့်တာနဲ့သူ့ကိုတန်းမေးတော့သည်။

"ညတုန်းကလေ"

"မောင့်!! မလိမ်နဲ့"

"ယောက်ျားကိုရန်မလုပ်ပဲကောင်းကောင်းမေးပါလား လာဒီကို"

တမာန်က လွှမ်းကိုဆွဲကာ ရင်ဘတ်ပေါ်တင်ပြီးစောင်ဆွဲခြုံလိုက်၏။

"မင်းပဲ မောင့်ကို ဒီညသတိရအောင်လုပ်မယ့်ဆိုပြီး သတိရအောင်လုပ်ခဲ့တာမလား"

"ဟုတ်လို့လား"

"ဟုတ်တာပေါ့ လွှမ်းဂနီတို့ကတော့ ဘယ်ထဲကသင်ထားတာလဲမသိဘူးနော် အတတ်ကောင်းတွေတက်နေတော့တာပဲ"

"မောင့်!"

"မဟုတ်လို့လား ယောက်ျားပေါ်လာခွထိုင်ပြီး အွန်း.."

"မပြောနဲ့လို့"

ပါးစပ်ကိုလာပိတ်ကာ ရှက်နေသူကမပြောခိုင်းတော့။ ပါးစပ်ကိုလာပိတ်ထားတဲ့လက်ကို ခပ်ဆက်ဆက်လေးကိုက်ပေးလိုက်မှ နှုတ်ခမ်းကစူထွက်လာကာ လူကိုမော့ကြည့်လာသည်။ နိုးလာပြီး နောက်နေ့သတိရတယ်ပြောလို့ကတော့ လွှမ်းတို့ကရှက်လို့စောင်ပုံထဲကထွက်မှာတောင်မဟုတ် လူကိုလဲရန်လုပ်လိုက်မယ့်ဖြစ်ခြင်း။ အခုတောင်စောင်အောက်သူ့ရင်ဘတ်ပေါ်မှောက်ထားရင်း မျက်နှာဖွက်ထားသေးတာ။

“ပြောပါအုန်း အတိတ်မေ့နေသူကို အဲ့လိုလုပ်ရင် ပြန်သတိရတယ်လို့ ဘယ်သူမြှောက်ပေးလိုက်တာလဲ”

“ဘယ်သူမှမြှောက်မပေးဘူး”

“ဟုတ်လား ဒါဆို လွှမ်းဂနီတို့က ဒီအတက်တွေ အရင်ထဲက တက်နေတာပေါ့”

“မဟုတ်ဘူးလို့…”

“မဖြစ်နိုင်ဘူး ဒီလိုတွေတတ်တာကို ယောက်ျားကိုထုတ်မပြတာပေါ့”

“မဟုတ်ပါဘူးဆို…မောင်လိုက်မစနဲ့”

“ဘာလို့ခေါင်းကြီးငုံ့ထားတာလဲ မောင့်ကိုကြည့်ပါအုန်း”

Noisy Love My Hlwan (Complete) Uni & Zawgyi Where stories live. Discover now