Part 32

15.9K 960 42
                                    

Unicode
(Double တွေ double တွေဆက်နေပြီ)

၃ပတ်ရှိနေပြီ မောင်ကနိုးမလာသေးပါ။ အခြေအနေကောင်းတာကြောင့် စောင့်ကြည့်အခန်းထဲကနေ ရိုးရိုးအခန်းကိုရွှေ့လိုက်ပြီဖြစ်၏။ အန်ကယ်နဲ့အန်တီနဲ့က ညအိပ်မနေပေမယ့် မနက်ဆိုလာပြီး ညမှပြန်တတ်သည်။ ညမအိပ်ပေမယ့်အန်တီကသားစိတ်နဲ့ပိန်သွား၏။ လွှမ်းကတော့ ဆေးရုံမှာပဲ ဘယ်မှမသွားဖြစ်ပဲ မောင့်အနားမှာပဲ နေနေတော့သည်။ မေမေလဲ နေ့တိုင်းရောက်ပြီး သူ့အတွက်လိုအပ်တာတွေလာလာပို့ပေးသည်။ ကောင်းထက်ကတစ်ခါတစ်လေ လက်မှတ်လာထိုးတာရှိပြီး သူဘာကိုမှမစစ်နိုင်ပဲ လက်မှတ်ထိုးပေးလိုက်တာပါပဲ။ လွှမ်းပုံကတစ်ကယ့်ကိုဖရိုဖရဲ။

"မောင် ငါလေ မင်းနိုးလာရင် မင်းအနားမှာကပ်နေပြီး စကားတွေအများကြီးပြောအုန်းမှာ"

......

"ငါကမင်းကိုနိုင်စားခဲ့တာ မင်းကငါ့ထက်ငယ်ပေမယ့်ငါ့စိတ်ကြိုက်အကုန်လိုက်ပေးခဲ့တာ"

.......

"ငါအစက မင်းနဲ့လက်ထပ်ဖို့ကို တကယ်သဘောမကျဘူးလေ၊ ဒါပေမယ့်လက်ထပ်တော့လဲ ရင်ခုန်ရတယ်လေ"

.......

"မင်းစိတ်ကူးနဲ့ငါ့ကိုမတိုင်ပင်ပဲ လုပ်ခဲ့တဲ့ ငါ့တို့ရဲ့လက်ထပ်လက်စွတ်လေးကို ငါတကယ်သဘောကျတာ"

......

"ငါတောင်းပန်ပါတယ် အင့်! ငါမင်းအပေါ်မှာမဆိုးတော့မှာမို့ ဟင့်! မင်းက မြန်မြန်သတိရလာပေးမယ်မလားဟင်"

လွှမ်းမှာမောင့်လက်ကိုကိုင်ကာ စကားတွေပြောနေပေမယ့် မောင်နားထောင်နေသလား နားထောင်မနေလားမသိ။

"မောင့်လက်သည်းတွေ ရှည်နေပြီ"

လက်သည်းညှပ်ယူကာ မောင့်လက်သည်းတွေကို တိတိလေးတွေဖြစ်အောင်ညှပ်ပေးရ၏။ ခြေထောက်တွေကိုလဲသွားကြည့်ကာ ညှပ်ပေးလိုက်ပြီး ရေပတ်တိုက်ပေးဖို့လုပ်ရသည်။ ဆေးရုံအင်္ကျီကြယ်သီးကိုဖြုတ်ကာ ရေညှစ်တားတဲ့ပဝါနဲ့ မောင့်ရင်ဘတ်တွေကိုတိုက်ပေးရ၏။ မောင့်ကြွက်သားတွေကတော့ ရှိဆဲ ဆုံးရှုံးမသွားသေး။ ရေဘတ်တိုက်လာတာ ခါးစပ်ရောက်ကာ အောက်ကိုဆင်းမယ့်အချိန်မှာတော့ လွှမ်းလက်တွေတန့်သွားပြီး မျက်နှာတွေရဲလာတော့သည်။ ခါးစပ်အောက်လျောလိုက်ချိန်မှာ မောင့်ရဲ့သန်မာပြီးမဲနက်နေတဲ့အမွှေးတွေရဲ့အစကိုမြင်နေရပြီလေ။

Noisy Love My Hlwan (Complete) Uni & Zawgyi Where stories live. Discover now