Part 14

17.6K 1.1K 9
                                    

Unicode
(Next part လေးတွေအတွက် ကလစ်ထားတာလေးတွေ မနက်တိုင်းလာပြပေးနော်)

မေမေ့တို့ပြန်ရောက်လာတော့လဲ ညကျသူငယ်ချင်းတွေနဲ့အပြင်သွားစရာရှိလို့ဟုဆိုကာ ထားခဲ့ခိုင်းပြီး မေမေ့ကိုသူ့သူငယ်ချင်းတစ်ယောက်ကိုလိုက်ပို့ခိုင်း၏။ မေမေကလဲသူ့သားလေးကိုပြန်လိုက်ချင်လာလဲတစ်ချက်မမေးပဲထားခဲ့သည်။ အခုတော့သူ့မှာစေတမာန်ထုတ်ပေးထားတဲ့ သူနဲ့မတော်တဲ့သူဝတ်နေကျ sweat pants ‌နဲ့တီရှပ်ကိုရေချိုးပြီးဝတ်ထားရ၏။ ဝတ်နေကျပုံစံပဲသွားဝယ်လိုက်မယ်ဆိုတာလဲမရ။ အခုတော့ သူနဲ့မတော်တဲ့အသေးဆုံးဆိုတာက ကိုယ်နဲ့တောင်တော်တော်ကြီးပွနေတာ။

"စေတမာန်ရေ လွှမ်းဂနီလေးကို ဗရုတ်သုက္ခနေရာတွေခေါ်မသွားနဲ့နော်"

"ကျွန်တော်သွားတဲ့နေရာတော့သူလိုက်ရမှာပေါ့"

"ဘယ်အချိန်ပြန်လာမှာလဲ"

"မားမားရာသွားနေကြကို အခုမှဘာလို့မေးနေတာလဲ"

"ဟဲ့မတူ‌ဘူးလေ အရင်ကတစ်ယောက်ထဲ အခုကလွှမ်းဂနီလေးပါမှာ၊ သား လွှမ်းဂနီ သားသူနဲ့မလိုက်ချင်ဘူးပြန်ချင်တယ်ဆို ချက်ချင်းပြန်ပို့ခိုင်းနော်"

"ဟုတ်ကဲ့ အန်တီ"

"အေးအေးသွားသွား"

စေတမာန်ကတော့သူ့အဝတ်တွေဝတ်ပေးထားတဲ့လွှမ်းဂနီကိုကြည့်ရတာဘာနဲ့မှမတူ။ သူ့ဝတ်နေကြပုံစံကိုဆင်ပေးထားတာဖြစ်ပြီး လွှမ်းဂနီနဲ့ပွနေတဲ့သူ့အဝတ်တွေကတစ်မျိုးကြည့်ကောင်း၏။ သူ့အဝတ်တွေလွှမ်းဂနီ‌ဝတ်ထားတယ်ဆိုတဲ့အသိစိတ်က ဆွဲရမ်းပစ်ချင်စရာကောင်းသည်။ ကားဂိုထောင်ထဲလိုက်ဝင်တဲ့လွှမ်းဂနီကတော့ ရွေးလိုက်တဲ့ကားကိုကြည့်ပြီး လန့်သွား၏။

"စေတမာန် အခုဘယ်သွားမှာလဲ"

"ကားသွားပြိုင်မလို့"

"ဟင်! ငါ ငါမလိုက်လို့ရလား"

"မရဘူး"

"စေ!!"

"မရဘူး အဲ့လိုခေါ်လဲမလိုက်လို့မရဘူး လိုက်ရမှာ တက်"

စေဆိုတဲ့စကားကအမှန်သူ့ကိုချုပ်ဖို့မဟုတ်။ သူနဲ့ပတ်သက်တဲ့သူတိုင်းက တမာန်လို့ခေါ်ကြတော့ ကိုယ်ကရောပြီးမခေါ်ချင်တာကြောင့် စေလို့ခေါ်ရမလားလို့တွေးရင်း တကယ်ကိုခေါ်မိလိုက်တာ။ ခေါ်မိလိုက်တာကစပြီး စေတမာန်က စေလို့ခေါ်လိုက်တိုင်းသူ့အပေါ်နုညံ့ပြသလို သဘောကျတာလွှမ်းဂနီသိသည်။ စေတမာန်ကဒီလိုသဘောကျတာလားဆိုပြီးလည်းတွေးမိသေးတာ။ မကြိုက်ဘူး၊ မဖြစ်နိုင်ဘူးဆိုပြီး ဒီလိုတွေအထိတွေးမိလက်ခံမိသွားတဲ့ ကိုယ့်ကိုကိုယ်ရော လွှမ်းဂနီအံ့ဩလို့မဆုံး။ နောက်ဆုံးတော့ သူ့ပြိုင်ကားပေါ်ကိုရင်တုန်စွာနဲ့တက်လိုက်ရတော့သည်။ အချိန်ကြည့်တော့လဲ ည ၁၀ နာရီဝန်းကျင်။ စထွက်ထဲက လေအလျင်လိုထွက်သွားသူကြောင့် သူ့လက်အချင်းချင်ဆုပ်ကိုင်ထားတာလဲကျစ်လို့။ သူနဲ့မရင်းနှီးတဲ့ဒီလို‌အရာတွေကို လူဝံကောင်ကြောင့်သူရင်းနှီးရတော့မှာလား။ အိမ်နဲ့တောင်နဲ့မြောက်လိုဖြစ်နေတဲ့နေရာရောက်ချိန်မှာတော့ ရှေ့မှာမြင်နေရတာက ပြိုင်ကားတွေ တန်းစီရပ်ထားတာပါပဲ။

Noisy Love My Hlwan (Complete) Uni & Zawgyi Where stories live. Discover now