Part(1)

2.8K 54 0
                                    

"မိုးရေစက်တွေမေးသော ပဟေဠိ🍀"

🍀Part (1)🍀
---------------------
---------------------

"ဝ ရော.....
ဂျိမ်း!!ဂျိမ်း!!"

"ဂျိမ်း!!!"

မိုးမင်းကြီးရဲ့အငြိုးကြီးစွာနဲ့ သဲကြီးမဲကြီးရွာသွန်းနေတဲ့ မိုးရေစက်တွေကြားမှာ ပြေးလွှားနေတဲ့ကောင်မလေးတစ်ယောက်....

မနက်ကသူမစီးလာတဲ့ ကတ္တီပါဖိနပ်လေးကလဲ သူမရဲ့ကြောက်ရွံထိတ်လန့်မှုကြောင့် ဘယ်နေရာမှာကျကျန်ခဲ့လဲ သူမသိနိုင်ခဲ့...
ဖိနပ်မပါတဲ့ သူမခြေဖဝါးနုနုတွေက ကတ္တရာလမ်းကိုအရှိန်နဲ့ကျရောက်ကာ
မနက်ကသူမဆံပင်မှာပန်ဆင်သွားတဲ့ငွေရောင်ဆံညှပ်လေးကလဲဘယ်ဆီဘယ်ဝါမှာကျကျန်ခဲ့မှန်းမသိတော့....

"ဝ ရော...
ဂျိမ်း !!ဂျိမ်း!!"

မိုးမင်းကြီးရဲ့ အငြိုးမာန်ကြောင့် ကောင်းကင်ကြီးကမဟူရာရောင်မဲနက်ကာ ဒေါသတကြီး မြည်ဟည်းနေပေမဲ့
မိုးရေတွေကြားမှာပြေးနေတဲ့ ကောင်မလေးကတော့ ထိုအရာတွေနဲ့ဆန့်ကျင်စွာ မိုးမင်းကြီးနဲ့အပြိုင်ငိုကြွေးလျက် ကြောက်လန့်တကြားပြေးလွှားနေသည်က သူမအိမ်ရှိရာ တစ်နည်းအားဖြင့် သူမ အဖေရှိရာဆီကိုပင်...

"ဂျိမ်း!!ဂျိမ်း!!"

ထစ်ချုန်းမြည်ဟီးသံတွေကြားကနေ သူမမြင်တွေ့လိုက်ရသည်က သူမတို့ရဲ့သစ်သားအိမ်လေး...

ခြံတံခါးကိုတွန်းဖွင့်ကာ ခြံထဲဝင်လာမိတော့ သူမရဲ့အိမ်တံခါးကသော့ခတ်ထားလျက်....

■အဖေပြန်မရောက်သေးဘူး!!

သူမအိမ်တံခါးတောင်မဖွင့်နိုင်တော့ပဲ အိမ်ရဲ့လှေကားထစ်မှာ ထိုင်ချပစ်လိုက်သည်

"အဟင့်!!အဟင့်!!ဟီး"

တစ်ကိုယ်လုံးမိုးရေတွေစိုရွှဲနေတဲ့သူမဆီကငိုရှိုက်သံတွေထွက်လာပေမဲ့ မိုးခြိမ်းသံတွေဖုံးလွှမ်းနေတဲ့ သူမရဲ့ပတ်ဝန်းကျင်ကတော့ သူမရဲ့ငိုရှိုက်သံတွေကိုမသိခဲ့ကြပါ...

တန်ခူး လှေကားထစ်မှာ ထိုင်ကာချမ်းလွန်းတဲ့အအေးဓာတ်ကို ဒူး၂ဖက်ပိုက်ကာ ငြိမ်သက်စွာခံယူနေရင်း သူမအားကိုးရာအဖေ ပြန်လာမဲ့ ခြံတံခါးဝကိုသာကြည့်နေမိသည်...

မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode) Where stories live. Discover now