Part(18)

615 22 0
                                    

"မိုးရေစက်တွေမေးသော ပဟေဠိ"

Part (18)
---------
---------

ကုတင်ပေါ်မှာ ပကတိတည်ငြိမ်နေဆဲဖြစ်တဲ့ သားလေးမျက်နှာလေးဖြူဖျော့ဖျော့လေးကို ကြည့်ပြီး
ပါးပေါ်စီးကျနေတဲ့ မျက်ရည်စက်တွေကို သူမ မသုတ်နိုင်.။
သားလေး သူမဘဝကနေ ထွက်သွားတော့မှာက ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်.။တန်ခူး အသက်ရှုနေရတာပင် ပုံမှန်မဟုတ်ချင်တော့.။
ကိုယ့်ရဲ့တစ်ဦးတည်းသော သားလေး သေမဲ့အချိန်ကို ဘာတစ်ခုမှမလုပ်ပေးနိုင်ပဲ စောင့်နေရတဲ့ မိခင်တစ်ယောက်ရဲ့ ရင်ထဲကခံစားချက်တွေကို ထိုမိခင်ကလွဲလို့ ဘယ်သူကများ သိနိုင်ဦးမှာလဲ.။

"တီ.....တီ....တီ....တီ!!"

"ဟင်....သားသား...သားသား!!"

သားသားရဲ့ နှလုံးခုန်နှုန်းပြ မော်နီတာ ပေါ်က နှလုံးခုန်နှုန်းက မူမမှန်စွာနဲ့ မော်နီတာကနေ အချက်ပေးသံမြည်လာလေတော့သည်။
တန်ခူး ရူးကြောင်ကြောင်နိုင်စွာ သားသားကိုကြည့်ပြီး ကြောင်အနေမိသည် ။

"အမလေး...ငါ့မြေးလေး....ရေစက်လေးရေ...ရေစက်လေး!!"

"ကျွီ...."

"ဘေးဖယ်ပေးပါနော်...လူနာရှင်တွေဘေးဖယ်ပေးပါ!!"

အမေ့ရဲ့ငိုသံနဲ့အတူ
အရေးပေါ်စက်သံကြောင့် အခန်းထဲဆရာဝန်နဲ့ သူနာပြုတချို့ပြေးဝင်လာလေသည် ။

"တန္ခူး..."

အမေ့ရဲ့ ခပ်တိုးတိုးခေါ်သံနဲ့အတူ အမေက ထိုနေရာမှာပင်ကြောင်အနေတဲ့ တန်ခူးရဲ့လက်မောင်းတစ်ဖက်ကိုဆုပ်ကိုင်ကာသားသားရဲ့ဘေးဘက်နေရာကနေ လွတ်ရာကိုဖယ်ပေးဖို့ တန်ခူးကိုလှမ်းဆွဲလေသည်.။

"ကလေးအောက်ဆီဂျင် ကျနေပြီ...မြန်မြန်...မြန်မြန်!!"

"ကလေးကိုအရေးပေါ်ခန်းပို့ဖို့ပြင်!!"

"အမလေး ငါ့မြေးလေး...."

ဆရာဝန်ရဲ့ အသံနဲ့ သူနာပြုတွေရဲ့လှုပ်ရှားသံတွေကြားမှာ အမေက ရှိုက်ကြီးတငင် ငိုနေပေမဲ့ တန်ခူး မငိုပဲ ကုတင်ပေါ်မှာ အသိကင်းမဲ့စွာ လဲလျောင်းနေတဲ့ သားသားကိုကြောင်ကြည့်နေဆဲ.။
သားသားကို အရေးပေါ်ခန်းပို့ဖို့ သူနာပြုတွေကုတင်ပြောင်းပြီး ထွက်သွားသည်အထိ တန်ခူး ထိုနေရာမှာကျောက်ရုပ်တစ်ရုပ်လို ရပ်နေမိဆဲ.။

မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode) Dove le storie prendono vita. Scoprilo ora