Final Part

1.4K 38 5
                                    

"မိုးရေစက်တွေမေးသော ပဟေဠိ"

Part (21)
••••••(OR)••••••
Final Part
---------------
---------------

"ထွက်သွား!!!"

တန်ခူးရဲ့ဒေါသတကြီး အံကြိတ်သံနဲ့ ပြောလိုက်သည့်အသံဆုံးသည်နှင့်
သိုလ်  သိလိုက်ရသည်က သူ ဒီနေရာဆက်နေရင် သူရော တန်ခူးအတွက်ပါ စိတ်အဆင်မပြေနိုင်တာတွေပဲ ပိုဖြစ်လာနိုင်မည်ကိုပင်.။

"မမ မနေစေချင်ဘူးဆိုရင်ကျွန်တော် အခုသွားလိုက်ပါ့မယ် မမ!!နောက်မှ ကျွန်တော်ပြန်လာခဲ့ပါ့မယ်!!"

"မလာနဲ့!!မင်းရဲ့ကျက်သရေတုံးတဲ့မျက်နှာကို ငါထပ်မမြင်ချင်ဘူး!!မင်း နောက်တစ်ကြိမ် ငါ့အနားလာဖို့ကြိုးစားရင် ငါ့အဆိုးမဆိုနဲ့ ဓီရာဇ်သိုလ်!!မင်းပြန်နိုင်ပြီ!!!"

သူ့ကိုကျောခိုင်းကာ အိမ်ထဲပြန်ဝင်သွားတဲ့ မမ ကျောပြင်ကိုငေးရင်း သိုလ် ခေါင်းငိုက်စိုက်ကျသွားလေတော့သည် ။
ဘာပဲဖြစ်ဖြစ်ပါ.။
သူ မမကို မမစိတ်ကျေနပ်သည်အထိရအောင်တောင်းပန်မည်.။
ဒါဟာ သားသားအတွက် ကောင်းမွန်တဲ့မိသားစု တစ်ခုကို တာဝန်မကျေခဲ့တဲ့ အဖေတစ်ယောက်အနေနဲ့ သူဖြည့်စည်းပေးချင်တဲ့ ဆန္ဒတစ်ခုဖြစ်သလို
မမကိုလဲသူချစ်သည်။

ယောက်ျားတစ်ယောက်ဟာ စီးပွားရေးတွေ ပညာရေးတွေမှာဘယ်လောက်ပဲထူးချွန်ထက်မြက်နေပါစေ
မိသားစုအပေါ်မှာ သူ့တာဝန်ကိုသူကျေပွန်အောင်မထမ်းဆောင်နိုင်ရင်ပဲဖြစ်ဖြစ်
မိသားစုကို စိတ်ချမ်းသာအောင် မထားနိုင်ရင်ပဲဖြစ်ဖြစ် မိသားစုအပေါ်အပြစ်တစ်ခုကျူးလွန်ခဲ့မယ်ဆိုရင်
သူ့အောင်မြင်မှုတွေဟာ ရေကန်ထက်မှာ ပေါ်နေတဲ့ လရိပ်လို တွေ့မြင်နေရပေမဲ့ အနှစ်သာရဆိုတာ ဘယ်တော့မှ ရှိလာမည်မဟုတ်ပါ.။

■■■■■■■■■■■■■■■■■■■■■■■■■■■

တန်ခူး သားသား အခန်းထဲဝင်လာသည်နှင့်ပင်
သူ  အမေ့ကိုနှုတ်ဆက်နေတဲ့ အသံကိုကြားနေရသည်...
ကျလုလုမျက်ရည်စတွေကို လက်နဲ့ သုတ်ရင်း တန်ခူး သားသားကိုသာကြည့်နေမိသည်။
ဒီအချိန်မှာ တန်ခူးက သားသားအတွက် မကောင်းတဲ့လူဖြစ်သွားမယ်ဆိုရင်တောင် တန်ခူးအဖြစ်ခံရပါလိမ့်မည်။
တန်ခူးခံစားချက်ကို တန်ခူးကလွဲရင် ဘယ်သူက ကိုယ်ချင်းစာနာနိုင်ဦးမှာလဲ။
လူတွေပြောနေကြတဲ့ ဘယ်တော့မှမဆုံဘူးဆိုတဲ့မျဉ်းပြိုင်၂ကြောင်းတောင် ရူပဗေဒသဘောအရ အနန္တခရီးမှာ တွေ့ဆုံကြပေမဲ့
တန်ခူးတို့က မျဉ်းပြိုင်၂ကြောင်းမဟုတ်တဲ့အတွက် တန်ခူးတို့၂ယောက်အတွက် ဆုံမှတ်ဆိုတာ ရှိလာမှာမဟုတ်ပါဘူး.။

မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode) Kde žijí příběhy. Začni objevovat