Part(9)

595 24 0
                                    

"မိုးရေစက်တွေမေးသာ ပဟေဠိ"

Part (9)
-----------
-----------

"ဟာ....အမတန်ခူး!"

မိုရ် သူ့ရဲ့storeလေးကိုပိတ်ပြီးထွက်လာတုန်းမှာပဲ ဆိုင်ရှေ့မှာ လက်လေးတွေပွတ်ကာရပ်နေတဲ့သူက အမတန်ခူး။

"အင်း...မောင်လေး...အမ မင်းကိုပြောစရာလေးရှိလို့ စောင့်နေတာ!!"

"ပြောစရာရှိတာများ အမရယ်..ဆိုင်ထဲဝင်လာခဲ့ရောပေါ့...ဘာလို့ဒီမှာရပ်စောင့်နေရတာလဲ !!"

"ရပါတယ်...အမကမောင်လေးအလုပ်ရှုပ်နေတယ်ထင်လို့ပါ!!"

"မဟုတ်တာ အမရယ်...လာပါ ကျွန်တော့်ဆိုင်ကပိတ်ပြီးသွားပြီဆိုတော့ ဟိုကော်ဖီဆိုင်မှာသွားပြောရအောင်!!"

"အော်...အင်းပါမောင်လေး!!"

တန်ခူး မိုရ်ပြတဲ့ ကော်ဖီဆိုင်လေးကို မိုရ်နဲ့အတူတူထွက်လာလိုက်သည်...။
တန်ခူး မိုရ်ကိုပြောစရာတွေမေးစရာတွေကဒုနဲ့ဒေးပင်...။
ဘာတွေဘယ်လိုစပြီးပြောရမလဲဆိုတာ တန်ခူးမသိပေမဲ့ မဖြစ်မနေပြောရမည်ဖြစ်သည်...။

~~~At Star Coffee Shop~~~

"အမ ဘာသောက်မလဲ!!"

"ရပါတယ် မောင်လေးအဆင်ပြေတာမှာပါ!!"

မိုရ် ကာပချီနို ၂ခွက်မှာလိုက်ကာ
အမတန်ခူးကိုကြည့်မိတော့ ပိန်ကျသွားလိုက်တဲ့အမ တော်တော်လေးသိသာလွန်းသည်။
အရင်ကလို မြန်မာဝတ်စုံလေးတွေဝတ်ပြီး ဆံပင်အရှည်ကြီးမှာ ပန်းလေးတွေကလစ်လှလှလေးတွေပန်တတ်တဲ့ အမတန်ခူးအခုတော့ ခေါင်းစည်းကြိုး မျှင်မျှင်လေးတစ်ခုနဲ့သာ ဖွဖွလေးစည်းနှောင်ထားသေးသည်...။
အရင်ကမျက်နှာပြည့်ပြည့်လေးက အခုတော့ မျက်ကွင်းတွေပါညိုနေသယောင်ယောင်

"ဦးလေးအတွက်ကျွန်တော်တကယ်စိတ်မကောင်းပါဘူးအမ!!"

"ဘယ်တတ်နိုင်မလဲကွယ်...အမတို့သားအဖကံပဲပေါ့!!"

"အမ ကျွန်တော့်ကိုပြောစရာရှိတာကဘာများလဲဟင်!!"

မိုရ်ရဲ့အမေးကြောင့် တန်ခူး ဘာတွေစပြောရမယ်မှန်းမသိသေး...။
ဒါပေမဲ့ တန်ခူး ဟိုကောင်လေးကိုစောင့်နေတာ ၂လတောင်ကျော်နေပြီလေ...။

မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode) Where stories live. Discover now