Part(11)

589 21 0
                                    

"မိုးရေစက်တွေမေးသော ပဟေဠိ"

Part (11)
----------
----------

!! တိမ်ညိုတွေဖုံးလို့ မှောင်မဲနေချိန်
လေထန်တွေတိုက်လို့ မုန်တိုင်းကြီးနေ
ကြောက်စိတ်များ ပိုက်လို့ တစ်မြို့လုံး တိတ်ချိန်
ဟိုဘက်လွှဲလိုက် ဒီဘက်လွှဲလိုက်
စောင်ပုခတ်လေးတစ်ခုထဲမှာ
လူကလေးရယ် အိပ်...အိပ်ပါဆို
မ သာလဲတ...သာလဲတ...
ငွေလမင်းအမေ့မျက်နှာ
မတွေ့လဲငို...တွေ့လဲငို...
အို....အို....အို...အေ...အေ...အေ...!!

သီချင်းဆုံးသည်နှင့်တန်ခူးရင်ခွင်ထဲက သားသားကိုငုံ့ကြည့်မိတော့ သားသားက နှစ်ချိုင့်စွာ အိပ်မောကျနေလေပြီဖြစ်သည် ။
တန်ခူး အနားကစောင်ကိုယူပြီး သားသားရင်ဘတ်ပေါ်တင်ပေးလိုက်ကာ ခြင်ထောင်အပြင်ပြန်ထွက်လာလိုက်သည်။

"ရေစက်လေး အိပ်သွားပြီလား တန်ခူး!!"

"ဟုတ်ကဲ့ အမေ!!အမေ ထမင်းစားတော့မလား!!"

"အင်း စားမယ်လေ!!"

တန်ခူး ထမင်းစားခန်းထဲဝင်ကာ အမေနဲ့အတူထမင်းစားရန်ပြင်ဆင်နေမိသည်။
အချိန်ကိုကြည့်မိတော့ ည၈နာရီ....။

"စာသင်ရတာ အဆင်ပြေရဲ့လား တန်ခူး!!"

ညနေ စာသင်ပြီးပြန်လာထဲက တန်ခူးရဲ့မျက်နှာက မသာမယာဖြစ်နေသည်ကို သူမ သတိထားမိသည်မဟုတ်လား...။

"ပြေပါတယ် အမေ!!"

"အွန်းပါ...သမီးတစ်ခုခု အဆင်မပြေတာရှိရင် အမေ့ကိုပြောပေါ့!!"

"ဟုတ်ကဲ့!!အမေ ရေစက်လေးကို private schoolပို့ချင်လို့ အဲ့ဒါကလေ ဘယ်ကျောင်းကောင်းလဲဟင်!!"

"သားသား အတွက်ဆိုရင်တော့ အမေကZoren privateမှာထားစေချင်တယ် ...ဒါပေမဲ့ Zorenကတော့ သမီးသိတဲ့အတိုင်းပဲ!! Zoren private schoolက ဖွင့်တာမကြာသေးပေမဲ့ပညာသင်ခွင့်လျှောက်လို့ရတဲ့ အစီအစဉ်လဲရှိတယ်တဲ့လေ...သာမန်အတိုင်းသွားတတ်ရင်တော့ ကုန်ကျစရိတ်ကတော့မပေါ့ဘူးပေါ့!!"

အမေ့ စကားကြောင့် တန်ခူးတွေဝေနေမိသည်...။
တကယ်လဲZoren Groupကဖွင့်ထားတဲ့ Zoren private schoolကလူကုံထံမိသားစုတွေပဲတက်နိုင်သလို ဆရာ ဆရာမတွေကလဲ တော်တော်လေးထူးချွန်သူတွေဖြစ်သည်...။
မနှစ်ကဆို အောင်ချက်အကောင်းဆုံးကျောင်းထဲမှာ Zoren private schoolလဲတစ်ခုအပါအဝင်ဖြစ်ခဲ့သည်မဟုတ်လား...။
တန်ခူးအတွက် ရေစက်လေးကတစ်ဦးတည်းသောသားဖြစ်သလို သားသားကိုအကောင်းဆုံးဆိုတဲ့အရာတွေနဲ့ ဖြစ်တည်စေချင်တာ တန်ခူးရဲ့မိခင်အတ္တဖြစ်ပါလိမ့်မည်။

မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode) Where stories live. Discover now