Part(3)

893 34 0
                                    

"မိုးရေစက်တွေမေးသော ပဟေဠိ🍀"

🍀Part (3)🍀
----------------------
----------------------

......About 5 years ago.......

.......လွန်ခဲ့သော၅နှစ်ခန့်က.......

"အေ့!!"

"သိုလ်!! သိုလ်!! ဒီကောင်လေး သောက်လာပြန်ပြီ!!မ ကိုတွဲနော်ကလေး!!"

"ဖယ်စမ်းပါ...ခင်များ ကျွန်တော့်ကိုမထိနဲ့!!"

သိုလ် လူကသာမူးနေပေမဲ့ အကို့မိန်းမ သူ့ မရီးဆိုပေမဲ့ ဒီမိန်းမကိုတော့ တော်တော်ရွံသည်

"ကလေးကလဲ!!"

ရုံးပတီသီးအရေထွက်သလို ချွဲပျစ်နေတဲ့ သူမအသံက သူ့ကိုတော်တော်လေးအော်ဂလီဆန်စေသည်။

"ဖယ်စမ်းပါ...ခင်များ ဖယ်စမ်း!!ဖယ်ကွာ!!"

"ဒုန်း!!"

"အ!!"

မူးနေပေမဲ့သူ့တွန်းချက်ကြောင့် ပစ်လဲသွားသည်က 'မဏိ'ပင်။

"ဓီရာဇ်သိုလ်!!"

ခပ်စူးစူးအော်သံကြောင့် မူးနေတဲ့ကြားထဲက သူမျက်လုံးဖွင့်ကြည့်မိတော့
အပေါ်ထပ်ကနေဆင်းလာတဲ့ အကိုဇိုင်

"အကို့ မိန်းမ အကိုခေါ်ထား ကျွန်တော့်အသားကိုလာမထိစေနဲ့!!"

"ကို အဟင့်...မဏိကလေ ...သိုလ်မူးနေလို့ ဝင်ဖမ်းပေးတာကို အဟင့်...သိုလ်က မဏိကိုတွန်းတယ်!!"

"မင်းမရီးကိုဘယ်လို ဆက်ဆံနေတာလဲ သိုလ်!!"

"အဟက်"

မိန်းမပြောစကားကြောင့်ထင်ပါ့
ချက်ချင်းဆိုသလို သိုလ့်ကိုအမြင်စောင်းနေတဲ့ အကို့ကို သိုလ် လှောင်ရီ ရီလိုက်မိသည်။

"မင်း ဘွဲ့လဲရပြီးပြီ...အသက်လဲ ၂၂နှစ်ရှိနေပြီ မင်းဘာမှမလုပ်ပဲ အခုလိုမူးရူးနေတာကို မှန်တယ်ထင်နေတာလား သိုလ်!!"

"အာ့ဆို ကျွန်တော်ဘာလုပ်ရမှာလဲ!!အကိုတစ်ယောက်လုံး Zorenကိုထိန်းနိုင်နေတာကို ကျွန်တော်က ဘာလို့အပူရှာရမှာလဲ!!"

"သိုလ် မင်းအခုလို အကြီးမှန်းမသိ မရီးမှန်းမသိ မူးရူးသောင်းကျန်းနေတာကျတော့ရော အပူရှာနေတာပဲမဟုတ်ဘူးလား...မင်းလုပ်ရက်အတွက် မင်းမရီးကိုတောင်းပန်လိုက်!!"

မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode) Where stories live. Discover now