Part(12)

607 24 0
                                    

"မိုးရေစက်တွေမေးသော ပဟေဠိ"

Part (12)
---------
---------

"ရေစက်သဏ္ဋာန်...."

Zoren မှာ ပညာသင်ခွင့်လာလျှောက်ထားတဲ့formတွေကိုသိုလ် စစ်နေရင်းမှ formတစ်ခုအရောက်မှာ တွေ့လိုက်ရတဲ့ နမည်လေးတစ်ခုက သူနဲ့ရင်းနှီးလှစွာ...။
ထိုနမည်လေးနဲ့အတူတူ သိုလ်မြင်ယောင်မိလိုက်သည်က သူ့ကို "ဦးဦး"လို့ခေါ်တတ်တဲ့ချစ်စရာကောင်လေးတစ်ယောက်ရဲ့ပုံစံလေးကိုပင်...။
သိုလ် ထိုformကိုယူကာသေချာကြည့်မိတော့
Mother's nameဆိုတဲ့ နေရာမှာဖြည့်ထားတာက "ဒေါ်တန်ခူးဝေဝေ" ဆိုတဲ့ နမည်လေးဆိုပေမဲ့
Father's name နေရာလေးမှာ(-)လေးသာပြထားသည်...။

■ဘာလဲ...
ကလေးက အဖေမရှိပဲမွေးလာတာလား...
အကယ်၍ ကလေးအဖေကသေသွားတယ်ဆိုရင်တောင် အဖေနမည်ကတော့ ဖြည့်ထားမှာပဲလေ...

သိုလ် Notice ဆိုတဲ့နေရာကို ဆက်ကြည့်မိတော့ Single motherဆိုတဲ့ အရာလေးကိုပါထပ်တွေ့လိုက်ရလေတော့သည်။

■'ရေစက်သဏ္ဋာန်'က အဖေမရှိဘူးပဲ...
ဘယ်လိုအမေမျိုးကများ အဖေမရှိပဲ ဒီကလေးကိုမွေးထားတာပါလိမ့်!!!

သိုလ် ထိုformလေးနဲ့အတူ မြင်ယောင်မိတဲ့ ကလေးရဲ့မျက်နှာလေးကိုမျက်လုံးထဲကမထွက်ပေ...။Fatherless Child(အဖေမရှိတဲ့ကလေး) ဖြစ်ဖို့ဆိုတာ ရေစက်သဏ္ဋာန်လေးက အရမ်းငယ်သေးတယ်မဟုတ်လား...။
Zorenမှာကျောင်းထားချင်ပေမဲ့ Zorenမှာကျောင်းမထားနိုင်လို့ ပညာသင်ခွင့်လာလျှောက်ထားတာဆိုတော့ သူတစ်ခုခုကိုဆုံးဖြတ်ရပေလိမ့်မည်။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

"အမ ကျွန်တော်ပြန်ပို့ပေးရမလား!!"

"ရတယ် နိုင်းမာန် အမဘာသာပဲပြန်တော့မယ်!!"

"ကျွန်တော်အားပါတယ် အမရဲ့ ...ကျွန်တော်ပြန်ပို့ပေးမယ်လေ..."

"မင်းအချိန်တွေအရမ်းအားနေတယ်ဆိုရင်လဲ အမကိုလိုက်ပို့မဲ့အစား Bio chapter 12တစ်ခန်းပြတ်အောင်ကျက်ထားပေါ့ကွယ်!!"

တန်ခူး နိုင်းမာန်ကို ထိုမျှသာပြောပြီး ထွက်ချလာလိုက်သည်.။
တန်ခူး ဘယ်လိုယောက်ျားလေးမျိုးနဲ့မှသာမန်ထက်ပိုပြီး မရင်းနှီးချင်ပါ.။အထူးသဖြင့်ကိုယ့်တပည့်ဖြစ်နေတဲ့ယောက်ျားလေးတွေဆိုရင်ပေါ့...။

မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode) Tahanan ng mga kuwento. Tumuklas ngayon