"မိုးရေစက်တွေမေးသော ပဟေဠိ"
Part (7)
-------------
-------------!!တင်....
တင်....
တင်....
တင်....ရေချိုးခန်းကထွက်လာချင်းမှာပဲ မြည်နေတဲ့ဖုန်းသံကြောင့်
သိုလ် စားပွဲပေါ်ကဖုန်းကို ကြည့်မိတော့ ph contantက 'အကို'တဲ့လားသိုလ်ဖုန်းကိုမကိုင်ပဲ ကုတင်ပေါ်ပစ်တင်လိုက်ကာ ရေဆက်သုတ်နေရင်းကနေ သဘတ်ကိုပါ ကုတင်ပေါ်ပစ်တင်လိုက်ရင်း ဆေးလိပ်ဘူးထဲက ဆေးလိပ်ကိုထုတ်ကာ သောက်နေလိုက်သည်။
ဖုန်းသံက ရပ်သွားကာ ဖုန်းကျသွားပေမဲ့ ဖုန်းသံကထပ်မြည်လာပြန်သည်။သိုလ်မကိုင်ဖြစ်။
ထို့နောက် မမဆီသွားမှာမို့အင်္ကျီတွေသာ ဆက်ရွေးနေလိုက်သည်။
ဖုန်းကကျသွားပြန်သည်...။"ကျစ်!!"
မကိုင်မချင်းခေါ်နေတဲ့ ဖုန်းကြောင့် သိုလ်စိတ်ပျက်စွာ စုတ်သပ်လိုက်မိသည်....။
ညကဆေးချရင်း မအိပ်ထားတဲ့အရှိန်နဲ့မို့ လူကစိတ်သိပ်မကြည်။
အကို့ဖုန်းကိုကိုင်လိုက်ရင်လဲ ရန်ပွဲကလွဲလို့ ကျန်တာဖြစ်မည်မဟုတ်...။
သိုလ်အဝတ်အစားတွေကိုရွေးကာဝတ်နေသည်။အထိ ဖုန်းသံကထပ်မြည်နေတုန်း
သိုလ်အဝတ်လဲပြီးတော့မှသာ..."အွန်း!!"
"------------"
"ကျွန်တော်ပြန်မလာနိုင်ဘူး အကို!!"
"------------"
"Zorenမှာ အကိုရှိနေရင်ရနေတာပဲလေ!!ကျွန်တော် မလုပ်ချင်တဲ့အရာကို ဖိအားပေးတဲ့နေရာမှာအကိုက တကယ်တော်တာပဲ!!"
"---------------"
"အကို့မိန်းမမျက်ခွက်ကိုနောက်တစ်ကြိမ်ထပ်မြင်မိရင်ကျွန်တော်လူသတ်မိသွားလိမ့်မယ်!!"
"---------------"
"ကျွန်တော်နဲ့ အကို့မိန်းမ ၂ယောက်ထဲက၁ယောက်ရွေးလို့ အကို့ကိုကျွန်တော်မပြောဘူးနော်!!အကို့မိန်းမကအပျက်မဆိုတာ ကျွန်တော့်ထက်အကိုပိုသိတယ်နော်!!"
"---------------"
"အကို ကျွန်တော့်ကိုရိုင်းအောင်မလုပ်နဲ့နော်!!ဓီရာဇ်သိုလ်ဘယ်လောက်ရိုင်းလဲဆိုတာ အကိုကောင်းကောင်းသိပါတယ်!!ကျွန်တော့်ကိုအရိုင်းအစိုင်း ဖြစ်အောင်မလုပ်နဲ့!!"
YOU ARE READING
မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode)
Romanceမိုးရေစက်လေးတွေရယ် ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ရယ် ရင့်ကျက်တည်ငြိမ်လွန်းတဲ့ မမတစ်ယောက်ရယ် IQမြင့်လွန်းတဲ့ ကလေးလေးတစ်ယောက်ရယ် သူတို့နှစ်ယောက်ကြားက ပဟေဠိတွေရယ်.... အချို အရို အငိုလေးတွေနဲ့ ၁၅၀၀အချစ်ရော၅၂၈ရောကိုပါတွေ့မြင်နိုင်မှာပါ.... သမီးက အဖေအပေါ် အမ...