Part(8)

634 23 1
                                    

"မိုးရေစက်တွေမေးသော ပဟေဠိ"

Part (8)
--------
---------

!တင်....
တင်.....
တင်.....
တင်!!

"ကျစ်!!"

မြည်လာတဲ့ဖုန်းringtoneကြောင့် သိုလ်အိပ်ပျော်နေရမှ လန့်နိုးလာခဲ့သည်။
သိုလ်ဆေးတွေသုံးထဲက အခုလိုနှစ်နှစ်ချိုင့်ချိုင့် မအိပ်ခဲ့ရတာ ဘယ်လောက်တောင်ကြာနေခဲ့ပြီလဲ။
သိုလ် တစ်ယောက်အိပ်ချင်မူးတူးနဲ့ ဖုန်းအသံကြားရာကိုလက်နဲ့လိုက်စမ်းပြီးလိုက်ရှာမိတော့

တွေ့ပါပြီ....
PH contantကိုကြည့်မိတော့ 'တာဝန်ခံ'

"အွန်း...ဘာကိစ္စရှိလို့လဲ!!"

"-----------"

"ဘာ!!"

သိုလ်တစ်ဖက်ကနေကြားလိုက်ရတဲ့စကားကြောင့် အိပ်ချင်စိတ်တွေကတောပျောက်တောင်ပျောက်ပင်ဖြစ်သွားရသည်။

■အကို ဆုံးပြီတဲ့...

မဟုတ်ဘူး...
အကိုနဲ့ကျွန်တော်ရဲ့အဆုံးသတ်က ဒါမဟုတ်ဘူး
အကို...

သိုလ်ကားကို ချက်ချင်းစက်နှိုးကာ အရှိန်ပြင်းပြင်းဆောင့်ထွက်လိုက်လေတော့သည်...။

"ဒေါက်!!"

ပြင်းပြင်းထန်ထန်ကားမောင်းထွက်လိုက်တဲ့ အရှိန်ကြောင့် တစ်ဖက်ထိုင်ခုံပေါ်က ငွေရောင်ဆံညှပ်လေးတစ်ခုကတော့ ထိုင်ခုံပေါ်က "ဒေါက်"ခနဲမြည်အောင်ကျသွားတာကိုတော့ သိုလ်တစ်ယောက်သတိမထားမိခဲ့ချေ....။

■■■■■■■■■■■■■■

"အဖေ!!"

တန်ခူးဘဝရဲ့အားကိုးရာ အဖေ ဆုံးသွားခဲ့ပြီမို့ တန်ခူး အိမ်နံရံသစ်သားပြားတွေကိုမှီကာ အဖေ့အလောင်းကိုကြည့်ရင်း မျက်ရည်တွေကပါးပြင်ပေါ်ကိုစီးကျလာခဲ့သည် ။
အဖေ ဦးသူတို့ကို မြို့ကိုသွားပို့ပြီးအပြန် တစ်ဖက်က လမ်းပြောင်းပြန်မောင်းခဲ့တဲ့ကားက
မိုးရေထဲမှာ အဖေ့ကားကို ဝင်တိုက်ခဲ့တာတဲ့လား...။

■စိတ်ချအဖေ!!
တန်ခူး အဲ့ကားသမားကိုတွေ့အောင်ရှာပြီး သူနဲ့ထိုက်တန်တဲ့ဥပဒေကပေးတဲ့အပြစ်ကိုခံယူခိုင်းမယ် အဖေ...

တန်ခူး ထပ်သိလိုက်ရတာကတော့ အဖေ့ကားကိုတိုက်ခဲ့တဲ့ကားသမားက သူဠေးတစ်ဦး တဲ့လေ... ။

မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode) Where stories live. Discover now