Part(15)

604 24 0
                                    

"မိုးရေစက်တွေမေးသော ပဟေဠိ"

Part (15)
----------
----------

"ကလေးက ဘာစကားပြောတာလဲ!!"

မဟေ ကိုကိုနဲ့ဟိုမိန်းမကိုကြည့်ကာ လေသံမာမာနဲ့မေးချလိုက်သည်။
သိုလ်ကိုယ်တိုင်ကလဲ ရေစက်လေးပြောတဲ့စကားကိုနားမလည်သည်မို့ အံ့ဩနေမိဆဲ.။

"တောင်းပန်ပါတယ်...သားသားက သူ့ဖေဖေကိုစိတ်စွဲနေတာမို့လို့မှားနေတာပါ!!"

တန်ခူး ထိုမိန်းကလေးရဲ့လေဝင်လေထွက်ကိုသဘောပေါက်လိုက်သည်မို့ စကားကို အဆင်ပြေအောင်ပြန်ပြောလိုက်မိသည်.။ ဓီရာဇ်သိုလ်ကတော့ အံ့ဩနေတဲ့ပုံစံနဲ့ ဘာစကားမှ ထွက်မလာသေး..။

"သားသား မေမေနောက်နေ့မှ bearဝယ်ပေးမယ်နော်!!အခု အိမ်ပြန်ကြရအောင်!!"

တန်ခူးစကားကိုအလိုက်သိစွာ သားသားကခေါင်းငြိမ့်ပြလေသည်။
တန်ခူး ဘာစကားမှရှည်ရှည်ဝေးဝေး ထပ်မပြောချင်တော့တာကတော့ အမှန်...။
နောက်ပြီးတော့
သားသားဆေးရုံမှာပြောနေတဲ့ သူ့အဖေနဲ့ပတ်သတ်တဲ့စကားတွေကို တန်ခူးနားလည်သွားလိုက်သည်။
သားသားက သူ့ကိုဆေးရုံလိုက်ပို့ပေးတဲ့ ဓီရာဇ်သိုလ်ကို သူ့ဖေဖေလို့ထင်သွားပုံပင်...။
သွေးကစကားပြောတယ် ဆိုတဲ့အချက်ကို တန်ခူး အခုတော့ လက်ခံမိလာရသည်။
ဒါပေမဲ့ သူကသားသားအတွက်အဖေမဖြစ်ထိုက်သူလေ.။
တန်ခူး သားသားကိုချီလျက်နဲ့ပင် ထိုစုံတွဲကိုကျောခိုင်းပစ်လိုက်သည်။
သူ့တို့ကိုကျောပေးလိုက်သည်နှင့် တန်ခူးရင်ထဲ ခပ်စူးစူးခံစားချက်က နင့်ခနဲတိုးဝင်လာနေခဲ့လေသည်.။
ဒါဟာ တန်ခူး ဓီရာဇ်သိုလ်အပေါ်မှာ ခံစားမိတဲ့ခံစားချက်မျိုးမဟုတ်ပဲ
သားသားရဲ့အဖေအနေနဲ့ ထိုကဲ့သို့ သားသားအရှေ့မှာ သူ့ကိုမိန်းမတစ်ယောက်နဲ့မြင်တွေ့လိုက်ရတဲ့မြင်ကွင်းက တန်ခူးရင်ထဲဆိုးရွားစေသည်ကအမှန်ပင်.။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

"ကိုကို!!"

မဟေရဲ့ဆူအောင့်အောင့်အသံကြောင့် ဒီရပ်ဝန်းမှာ မဟေဒေါသလွှမ်းတော့မယ်မှန်း သိုလ်သိလိုက်သည်.။
ရေစက်လေးတို့သားအမိနဲ့ဆုံပြီးထဲကနေ ကားပေါ်ရောက်သည်အထိ တစ်လမ်းလုံးမဟေက ဆူဆောင့်အောင့်လျက်.။
အရင်ကလို မဟေ လူကြားမရှောင် သူကြားမရှောင် သောင်းကျန်းတတ်တဲ့အကျင့်ကို ထုတ်မပြခဲ့တာတော်သေးသည်ပြောရမည် ။

မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode) Where stories live. Discover now