Part(10)

606 24 0
                                    

"မိုးရေစက်တွေမေးသော ပဟေဠိ"

Part (10)
------------
-------------

.....About 4 Years Later.....
(၄နှစ်ခန့်ကြာပြီးနောက်)

"အမ အချစ်ဆိုတာဘာလဲ!!!"

တန်ခူး Physicsတစ်ခန်းတွက်ပြထားပြီး နိုင်းမာန်ကို ပြန်တွက်ခိုင်းထားစဉ် တန်ခူးအင်္ဂလိပ်စာကြိုကြည့်နေတာမှ မကြာသေး။
နိုင်းမာန်ဆီကထွက်လာတဲ့ စကားကြောင့် နိုင်းမာန်ကိုမော့ကြည့်လိုက်မိသည် ။

"ဘာလို့မေးတာလဲ!!"

"ဒီတိုင်းကျွန်တော်သိချင်လို့ ပြောပြနိုင်မလား အမ!!"

"ဒီphys တစ်ခန်းလုံးတွက်စာတစ်ပုင်္ဒမှ မမှားဘူးဆိုရင် မင်းမေးတာ အဖြေပေးမယ်!!"

"ကတိနော် အမ!!"

"အင်း!"

တန်ခူး ထိုမျှသာပြောပြီး အင်္ဂလိပ်စာကိုပြန်ကြည့်နေလိုက်သည်...။
နိုင်းမာန်ဆိုတာ ဆယ်တန်းကိုကျနေတာ ဘယ်နှနှစ်မှန်းတောင်မသိတော့ ။
အခုအသက်၂၀ထိ၁၀တန်းမအောင်လို့ သူ့မိဘတွေက တန်ခူးကို guideခေါ်ထားခြင်း...။
တန်ခူး သားသားမွေးပြီး ၁နှစ်အကြာမှာ စာပြန်စသင်ခဲ့ပေမဲ့ အိမ်ဝိုင်းတွေမဟုတ်ပဲ ကျူရှင်တွေမှာသာ guideလိုက်ပြခဲ့သည်က တန်ခူး အိမ်တွေမှာguideစာလိုက်သင်ရမှာကို တော်တော်ကြောက်သွားလို့ပင်...။
တန်ခူး ဘဝမှာ အခုလို သားသားဖြစ်ပေါ်လာရခြင်းကလဲ အိမ်တွေမှာguideလိုက်သင်ရင်း ဟိုလူကိုတွေ့သွားလို့မဟုတ်လား...။

အခုနိုင်းမာန်ကိုစာပြန်သင်ရခြင်းကလဲ အမေကအတင်းအကူအညီတောင်းထားလို့သာ ။
နိုင်းမာန်အမက အမေ့ရဲ့စာအရမ်းတော်တဲ့တပည့်ဆိုပဲ ။
အာ့ကြောင့်မို့ အခုလို တန်ခူးစာလာသင်ပေးနေရခြင်းပင် ။

"အမ ကျွန်တော်ပြီးပြီ!!"

"အော် အေးအေး..."

တန်ခူးအတွေးတွေနဲ့နယ်ချဲ့ပြီး စာပြန်ကြည့်နေရာမှ နိုင်းမာန်ခေါ်သံကြောင့် အသိပြန်ဝင်လာကာ စာတွေစစ်ပေးနေမိသည်...။နိုင်းမာန် နိုင်းမာန် ဘာတွေဘယ်လောက်တောင် အချစ်အကြောင်းစပ်စုချင်တာလဲဆိုရင် physicsတစ်ခန်းတောင်အကုန်မှန်အောင်တွက်ထားလေရဲ့...။

မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode) Donde viven las historias. Descúbrelo ahora