Part(20)

715 20 0
                                    

"မိုးရေစက်တွေမေးသော ပဟေဠိ"

Part (20)
---------
---------

"ဟာ....တန် ခူး!!"

"ဟင် အကိုသီဟ!!"

တန်ခူး လိုအပ်တာလေးတွေကို marketမှာ လာဝယ်တုန်း ကိုသီဟနဲ့ တွေ့လိုက်ခြင်းပင်။

"တန်ခူး ဒီကို ပြန်လာတာလား!!"

"ဟုတ် အကို !!ခဏတဖြုတ်ပေါ့!!"

"တန်ခူး မပြောမဆိုနဲ့အိမ်ရောင်းပြီး ထွက်သွားထဲက အကို စိတ်ပူနေတာ!!အခုရော အဆင်ပြေလား!!"

"ဟုတ်ကဲ့ အကို!!ဒီလိုပါပဲ!!"

"တစ်ယောက်ထဲမှတ်လား တန်ခူး !!အကိုတို့အေးဆေး စကားပြောကြတာပေါ့!!"

"ဟုတ် အကို!!ရပါတယ်!!"

ဖျော့တော့တော့ မျက်နှာလေးနဲ့တန်ခူးက သူမရဲ့လက်ပိန်ပိန်လေးကို အမှီပြုကာ စျေးခြင်းတောင်းလေးကိုင်ထားလေရဲ့.။

"တန်ခူး အခုဘယ်မှာနေနေလဲ!!"

အအေးဆိုင်တစ်ခုမှာ ထိုင်လိုက်သည်နှင့် ကိုသီဟ ဆီကနေ မေးခွန်း စလာလေတော့သည်.။

"တန်ခူးက တခြားမြို့မှာနေနေတာလေ...မွေးစားအမေနဲ့ပေါ့...အကိုရော!!"

"အကိုက ဒီမှာပဲ....အကို့အမျိုးသမီးကလဲ ဒီမှာတာဝန်ကျနေတာနဲ့ အကိုလဲဘယ်မှ မရွေ့ဖြစ်ဘူးလေ!!"

"အော်...အကိုတောင် အိမ်ထောင်ကျနေပြီကိုး!!"

"အဟင်း....ဟုတ်တယ် တန်ခူးရဲ့...တန်ခူးရောဒီကို အလည်လာတာလား!!"

အကိုကတော့ ပြုံးစစနဲ့မေးခွန်းတွေထပ်မေးနေလေသည်.။.

"အဲ့သဘောပဲပြောရမှာပဲပေါ့!!"

"တန်ခူးရော လက်ထပ်ပြီးပြီလား!!"

အကို့စကားကြောင့် တန်ခူး မျက်နှာလေးညိုးသွားရသည်
တကယ်ကို သူမ လက်မထပ်ရသေးပါ.။
ဒါပေမဲ့....

"သားသားတစ်ယောက်ရှိပါတယ်အကို!!"

"ဟုတ်လား...ဒါနဲ့ ဒီလာတာ တန်ခူး အမျိုးသားနဲ့ ကလေးရော မပါဘူးလား!!"

အကို့မေးခွန်းက တန်ခူးရဲ့တည်ငြိမ်ခါစဖြစ်နေတဲ့ စိတ်အစဉ်ကို ရိုက်ခတ်လာတဲ့ လှိုင်းတံပိုးတစ်ခုလိုပင်.။

မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode) Where stories live. Discover now