Part(19)

687 23 0
                                    

"မိုးရေစက်တွေမေးသော ပဟေဠိ"

Part (19)
---------
---------

"တန် ခူး...."

ဆရာ့ရဲ့ ခပ်တိုးတိုးအသံနဲ့ တန်ခူးနမည်ခေါ်လိုက်သည်က
တန်ခူးအပေါ်သနားမှုတွေ ဂရုဏာသက်မှုတွေကိန်းအောင်းနေသယောင်ယောင်.။

"တန်ခူး အဆင်ပြေပါတယ် ဆရာ!!"

ဆရာ့ရဲ့ လေသံပြေပြေလေးရဲ့အဓီပ္ပါယ်ကို တန်ခူး သဘောပေါက်လိုက်သည်မို့
ဆရာ့ကို ပြန်ဖြေလိုက်မိသည်။
'Meno' Motel အရှေ့မှာ လက်တစ်ဖက်ကအဝတ်ထုတ်လေး ကိုင်ထားပြီး မတ်တပ်ရပ်နေတဲ့ တန်ခူးပုံစံက တကယ့်ကို အားအင်ဖျော့တော့နေလေတော့သည်။
အရင်ကထက်ပိုပြီး ပိန်နေကာ သူမမျက်နှာသည်လဲ မျက်ကွင်းညိုညိုနဲ့ ပါးတွေချိုင့်ဝင်ကာ ဖြူစုတ်စုတ်နှုတ်ခမ်းတွေကလဲ အပေါ်ယံအရေပြားလွှာကလဲ ပေါက်ပြဲနေသည်က သူမရဲ့အားအင်ပြတ်နေမှုကို ဖော်ပြနေသည်မှန်း ဝန်း သိလိုက်ရသည်။

"တန်ခူးကိုလိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ် ဆရာ!!"

"လိုအပ်တာရှိရင်ပဲဖြစ်ဖြစ် တန်ခူးစိတ်ပြေလို့ပြန်လာချင်ရင်ပဲဖြစ်ဖြစ် အကို့ကို phဆက်လိုက်ပါ တန်ခူး...အကို တန်ခူးဆီလာခဲ့မယ်နော်...."

"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ် ဆရာ...အားနာစွာနဲ့ပဲ အမေ့ကိုလဲ ဆရာ့ကိုပဲအပ်ပါတယ်!!"

"ရတယ် တန်ခူး...ဆရာမက အကို့ဆရာမပဲလေ...ဆရာမအတွက်စိတ်ချပါ...တန်ခူးပဲ စိတ်တွေပြေလျော့တဲ့အထိ ဘာမှမတွေးပဲ အားလုံးအဆင်ပြေသွားအောင်နေပေးပါတန်ခူး..."

"ဟုတ်ကဲ့ ဆရာ...တန်ခူး ဝင်တော့မယ်နော်..."

"အင်းတန်ခူး...ဂရုစိုက်နော်....လိုတာရှိရင် အကို့ကိုသာလှမ်းပြော...."

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ!!"

တန်ခူးရဲ့အားအင်ကုန်ခမ်းနေတဲ့ ခြေလှမ်းတွေကMotelဆီကို တလှမ်းချင်းဝင်လိုက်မိသည်။
Motelထဲဝင်ဝင်ချင်းပင်air -conရဲ့ အေးစိမ့်စိမ့်ခံစားချက်က တန်ခူးကိုယ်ကိုသာ ထိတွေ့နေပေမဲ့ တန်ခူးရဲ့ ရင်ထဲက အပူတွေကိုတော့ မထိတွေနိုင်ပါ.။
သူ့ကျောပေးသွားပြီဖြစ်တဲ့ တန်ခူးရဲ့ကျောပြင်လေးကိုကြည့်ပြီး
ဝန်း တကယ်စိတ်မချမ်းသာနိုင်။

မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode) Where stories live. Discover now