Part(17)

620 23 0
                                    

"မိုးရေစက်တွေမေးသော ပဟေဠိ"

Part (17)
----------
----------

"ဟယ် သမီး!!"

သားသားကုတင်ဘေးမှာ ထိုင်ကာ သားသားကိုလူနာစောင့်လုပ်ပေးနေတဲ့ အမေက တန်ခူးကိုတွေ့တော့ တအံ့တဩ ပုံစံဖြင့်.။

"အမေ!!သမီး သမီးလေ...သမီး သူ့ကိုသွားတွေ့ခဲ့တယ်...ဒါ..ဒါပေမဲ့ သူကလေ သမီးကို ဂရုမစိုက်ပဲ ထွက်...ထွက်သွားတယ် အမေရယ်!!ဟီး"

"သမီးရယ်"

မိုးရေတွေ တစ်ကိုယ်လုံးစိုရွှဲလျက်
စကားတွေကိုဗလုံးဗထွေးပြောကာ ရှိုက်ကြီးတငင်ငိုနေတဲ့ သမီးဖြစ်သူကို  သူမရင်ခွင်ထဲနစ်မြုပ်သည်အထိ တိုးဖက်ထားလိုက်မိသည်က ကြေကွဲစွာ..။
သူမကိုယ်တိုင်က တန်ခူးရဲ့မိခင်အရင်းတစ်ယောက်မဟုတ်ပေမဲ့
တန်ခူးနဲ့ သားသားက သူမအတွက်တော့ သွေးသားအရင်းအခြာတွေထက်သာသည် မဟုတ်လား.။
သူမ တန်ခူးကို စတွေ့ခဲ့စဉ်က
၂ရက်သာရှိသေးတဲ့ မွေးကင်းစ ကလေးတစ်ဖက်နဲ့ ဆေးရုံကြီးမှာ အားကိုးရာမရှိပဲ ဆင်းရဲဒုက္ခရောက်နေခဲ့ရှာတဲ့ တန်ခူး.။
အဖေဖြစ်သူက ကားတိုက်ခံရပြီးသေဆုံးခဲ့ရ
သူမကိုယ်တိုင်ကလဲ ဆေးသမားတစ်ယောက် တာဝန်ယူစိတ်မရှိတဲ့ ယောက်ျားတစ်ယောက်ရဲ့ဖျက်ဆီးခြင်းကို ခံခဲ့ရတဲ့ သနားစရာတန်ခူးဘဝလေးကို ကြည့်ပြီး မျက်ရည်လည်ခဲ့ရသည်.။
အခုတော့ "သားသား"လေးကြောင့် တန်ခူးအရူးမီးဝိုင်းနေဆဲ...

■"ပဋာစာရီ" တဲ့...
လင်သေ သားဆုံး ပြီး အရူးလုံးလုံးဖြစ်သွားတဲ့ ပဋာစာရီ ကို အခုတော့တန်ခူးကိုယ်ချင်းစာတတ်ပါပြီ အမေ....

မေတ္တာတရားတို့ဟူသည် အလျားအနံမရှိပေမဲ့ အသွားအပြန်သဘောရှိတယ်တဲ့.။
လူမတွေ့ဖူးတာတောင် သူ့အဖေကို အရမ်းချစ်တဲ့သူ့အဖေအပေါ်ထားတဲ့ သားသားရဲ့ မေတ္တာတရားတွေအတွက်ရော
သူ့ဖေဖေဆီက  အသွားအပြန်သဘောမည်တဲ့ မေတ္တာတရားတွေ ရှိနေနိုင်ပါဦးမလား.။

■■■■■■■■■■■■■■■■■■■■■■

သိုလ် တစ်ယောက် ရင်ဘတ်ထဲအလွန်အမင်း အောင့်ခဲ့ရသည်မို့ ဆေးပင်သောက်ထားရသည်.။
နေ့လည်ထဲက နှိုင်းက အိမ်ထိဆေးလာထိုးပေးခဲ့ရပြီး သူ companyပြန်မသွားနိုင်တော့တဲ့အထိ ဖြစ်ခဲ့ရသည်.။
မဟေ ဆို ညနေကထိ သူ့အိမ်မှာနေကာ သူ့ကိုပြုစုခဲ့ရသေးသည်မဟုတ်လား.။
အခုချိန်ထိလဲ သူကုတင်ပေါ်ကနေ မထနိုင်သေး။

မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode) Where stories live. Discover now