Part 1 🍂

4.4K 248 50
                                    

ဆောင်းကုန်စနွေဦးအချိန်အခါဖြစ်သည်နှင့်အညီ ကျောင်းလမ်းလေးတလျှောက်မှာ ဝါကျင်ကျင်အရွက်ကလေးတွေဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေလေသည်... ကျောင်းကိုသွားတဲ့လမ်းတလျှောက်, ကျောင်းဝင်ပေါက်လမ်းပြေပြေလေးတလျှောက်လုံးမှာပါ အဝါရောင်ရှိသော Ginkgo မျိုးစိပ်အပင်အမျိုးမျိုးရှိနေခြင်းက သဘာဝတရားကြီးမှ ချီးမြင့်ထားလေသောအလှတရားတွေပင်...

ကျောင်းအဝင်လမ်းအစတွင်တော့ အစိမ်းနုရောင် တချို့ကတော့ဖက်ဖူးရောင်နုနု အရောင်အသွေးရှိသော မနှစ်ကမှအပင်လိုက်လာစိုက်ပျိုးသွားလေတဲ့ Ginkgo အပင်ပျိုလေးတွေက အကျအနနေရာယူထားသည်... အပင်ပျိုလေးတွေမြင်ကွင်းထဲကဆုံးသွားသည်နှင့် ကြွေလုကြွေခင်ရွက်ဝါကလေးတွေ အပြည့်အသိပ်ပိုင်ဆိုင်ထားသော အပင်ကြီးတွေကို မျက်စိတဆုံးတွေ့နိုင်သည်... 

အရွက်လေးတွေမှာတချို့လည်းစိမ်းဖန့်ဖန့်, တချို့မှာဝါကျင်ကျင်နှင့် တချို့သည်အစိမ်းနှင့်အဝါအရောင်နှစ်မျိုးဖြင့်တစ်မျိုးစီလှပသက်ဝင်နေလေသည်...

အပြာနုရောင်စက်ဘီးကလေးတစ်စီး နင်းဖြတ်သွားတဲ့အခါ ကတ္တရာလမ်းပေါ်မှရွက်ဝါလေးတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်... လေတစ်ချက်ဝှေ့အတိုက်တွင် ရွက်ဝါလေးတွေ လူးလွန့်ဆော့ကစားကြသည်... လေနုအေးကခပ်ကြမ်းကြမ်းကျီစယ်လိုက်သော် ဆောင်းရဲ့လက်ကျန်အဖြစ်အပင်ပေါ်မှရွက်ဝါလေးတချို့ကပါ ကတ္တရာလမ်းမထက် လူးလွန့်သက်ဆင်းလာကြလေသည်... 

စီးလာတဲ့စက်ဘီးကလေးကို ခဏရပ်လိုက်ပြီး ခြေထောက်တစ်ဖက်ထောက်ထိန်းလိုက်သည်... ထို့နောက်ကျန်ခဲ့သောအဝါရောင်လမ်းကလေးအား တစ်မိနစ်ကျော်လောက် သမင်လည်ပြန် ကြည့်လိုက်တယ်... မျက်စိတဆုံး ယပ်တောင်ငယ်ပုံသဏ္ဍာန်ရှိသော အဝါရောင် Ginkgo ရွက်ကလေးတွေကတော့ လေဆန်တစ်ချက်မှာ အဝါရောင်လိပ်ပြာလေးတွေသဖွယ် လှုပ်ခတ်လွင့်ပျံသွားကြပြန်သည်... 

ထိုစဥ်... ပခုံးပေါ်ကိုတိတိကျကျဆင်းသက်လာသော ယပ်တောင်ငယ်သဏ္ဍာန်ရွက်ဝါလေးတစ်ခုကြောင့် လွန်ခဲ့သောတစ်နှစ်ကျော်အချိန်အခိုက်အတန့်တို့သည် အာရုံထဲသို့ပြန်လည်တိုးဝင်လာခဲ့သည်...

Secret of My Heart [Completed ✔]Where stories live. Discover now