Part 10 🍂

1K 196 64
                                    

ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်တော့မည်ဖြစ်ကြောင်းကိုသိသည်နှင့် အမေဖြစ်သူမှာ ဝမ်းသာလို့ပင်မဆုံးနိုင်ပေ... ဆော့ဂျင်ရဲ့ကိုယ်တိုင်းနဲ့ ဝတ်စုံတွေအများကြီးအပ်ပေးရတာနဲ့ ရှူးဖိနပ်တွေ necktie တွေဝယ်ပေးရတာနဲ့ သူမရဲ့ရက်သတ္တပတ်လုံးမအားနိုင်ခဲ့...

ဘယ်အရာက သူမရဲ့သားကိုစိတ်ပြောင်းသွားစေတာလဲမသိသော်လည်း ဘာပဲဖြစ်ဖြစ်ကုမ္ပဏီတစ်ခုခုမှာအလုပ်ဝင်ပြီး ဆော့ဂျင်ကိုယ်တိုင်ပုံဖော်ထားတဲ့ဒီဇိုင်းတွေကို အပြင်မှာမြင်ရဖို့က သူမအိမ်မက်ပဲလေ... ဆော့ဂျင်ရဲ့အရည်အချင်းက သေးနုတ်နုတ်ပရိဘောဂလေးတွေလုပ်ရင်း အချိန်ကုန်နေဖို့မှမဟုတ်လေတာ...

ဒီနေ့ဆိုရင်ဆော့ဂျင်ပထမဆုံးအလုပ်ဆင်းရတော့မည်...

ဟွန်းလေးကို စိတ်မချတာတော့မဟုတ်ပေမယ့် အလုပ်ခန်းသေးသေးလေးအား အလုံးစုံမျက်နှာလွှဲ၍တော့ မရသေးတာအမှန်ပင်... သူ့ကိုစိတ်ချဖို့ တဖွဖွမှာနေတဲ့ဟွန်းလေးကို မှာစရာရှိစရာတွေမရိုးနိုင်လောက်အောင်ထပ်မှာလိုက်ပြီး ဆော့ဂျင်ဘတ်စ်ကားဂိတ်လေးဆီကို ထွက်လာခဲ့တော့သည်...

 သူ့ကိုစိတ်ချဖို့ တဖွဖွမှာနေတဲ့ဟွန်းလေးကို မှာစရာရှိစရာတွေမရိုးနိုင်လောက်အောင်ထပ်မှာလိုက်ပြီး ဆော့ဂျင်ဘတ်စ်ကားဂိတ်လေးဆီကို ထွက်လာခဲ့တော့သည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ဂျွန်ကရာထူးသိပ်မကြီးသေးဘူးဆိုပေမယ့် သူဌေးရဲ့တစ်ဦးတည်းသောသားဖြစ်တာမို့ ဝန်ထမ်းအားလုံးအပေါ်ဩဇာက‌တော့သက်ရောက်သည်... အခုလည်း ဂျွန့်မျက်နှာနဲ့အလုပ်တန်းပြီးဝင်ခွင့်ရတဲ့ ဆော့ဂျင်ကိုအားလုံးကလှိုက်လှိုက်လှဲလှဲဖြင့်ကြိုဆိုကြတယ်... တစ်ကယ်ပဲ နွေးထွေးတဲ့လုပ်ငန်းခွင်တစ်ခုကို ကံကောင်းစွာရောက်လာခြင်းလား... ဒါမှမဟုတ် သူ့နောက်ဘက်ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ဂျွန်ကြောင့်လားဆိုတာတော့မကွဲပြားသေးပါ...

Secret of My Heart [Completed ✔]Where stories live. Discover now