Part 19 🍂

1.3K 222 61
                                    

"ဂျောင်ကု... ငါ... ငါက..."

"ဘာလုပ်တာလဲကင်မ်ဆော့ဂျင်... ငါ့ကို ဘယ်လိုသဘောထားခဲ့တာလဲ... ဒီလိုဘာမှမပြောပဲအဆက်အသွယ်ဖြတ်သွားလို့ရကြေးတဲ့လား... မင်းးးးးး...."

ဝမ်းသာစိတ်နှင့် ဒေါသစိတ်တို့ ရောပြွန်းကာ ကိုင်ဆွဲထားသော လက်မောင်လေးအား ခပ်ဆဆလှုပ်ယမ်း၍မေးမိသည်... ဆော့ဂျင်နဲ့ပြန်တွေ့ရင် ပြောစရာစကားတွေ မေးစရာမေးခွန်းတွေ အများကြီးတွေးထားခဲ့ဖူးပေမယ့် အရင်ဆုံးတော့ ဒီလူဆိုးလေးကိုဆူရဦးမည်...

ဒါပေမယ့် လူဆိုးလေးကတော့ ခေါင်းကြီးကိုအတင်းငုံ့ထားပြီး ရေငုံနှုတ်ပိတ်နေနေသည်...

"ပြောပါဦးကင်မ်ဆော့ဂျင်... မင်းရဲ့အတွေးကို ကိုယ်ကနားထောင်ကြည့်ချင်တယ်... လီချယ်ယောင်းဖြေထားတဲ့ အင်တာဗျူးကြောင့်ဆိုရင် ကိုယ့်ဘက်ကအဖြေတစ်ခု ရှိနေပြီးသားနော်..."

".............."

"ဘယ်ကတည်းကသိနေတာလဲ... လီချယ်ယောင်းနဲ့ ကိုယ့်အကြောင်းတွေကို..."

ဂျောင်ကုရဲ့လေသံက တဖြည်းဖြည်းချင်းစီပြေလျော့လာသည်...

"ဟိုးးအရင်ကတည်းကသိနေခဲ့တာပါ..."

"အဲ့တာကိုဘာလို့ဘာမှမပြော........."

"ဖြေရမခက်စေချင်ဘူးဂျောင်ကု... ဘာမှပြောင်းလဲသွားမှာမှ မဟုတ်တာလေ..."

"ဘာကိုဘာမှမပြောင်းလဲဘူးလို့ပြောနေတာလဲ... ငါနားမလည်နိုင်တော့ဘူး..."

"ငါကတော့ မင်းကိုအပြည့်အဝနားလည်တယ်ဂျောင်ကု..."

"................"

"လူတစ်ယောက်အပေါ် အချစ်ဦးရဲ့လွှမ်းမိုးနိုင်မှုအတိုင်းအတာကို ငါကအသိဆုံးမို့..."

"................"

"အဲ့တာကြောင့် လီချယ်ယောင်းနဲ့အတူတူ အပျော်ရွှင်ဆုံးနေပါနော်..."

"ဘာတွေလဲကင်မ်ဆော့ဂျင်ရာ... အချစ်ဦးက ဘယ်ကနေပါလာပြန်တာလဲ... နေပါဦး... မဟုတ်မှလွဲရော... အခု... အချစ်ဦးနဲ့ပြန်တွေ့နေတာလား... အဲ့တာကြောင့် အတင်းတွေတွန်းထုတ်နေတာလား... စကားပြောရအောင်... အခုပဲဖြစ်ဖြစ်အေးအေးဆေးဆေးစကားပြောရအောင်..."

Secret of My Heart [Completed ✔]Where stories live. Discover now