Part 6 🍂

908 175 77
                                    

စူးစမ်းလိုစိတ်ရှိသူတစ်ယောက်ပီသစွာပင် လျှိုဝှက်နိုင်လွန်းသောလူသားလေးအား ရှာဖွေအဖြေထုတ်ဖို့မကြာခဏကြိုးစားခဲ့ဖူးပါ၏... 

အထက်တန်းတုန်းက မကြာမကြာ ဝါကျင်ကျင်အရောင်စက္ကူသားနှင့် ထုတ်ပိုးထားလေသည့် ပစ္စည်းလေးတွေကို လက်ခံရရှိခဲ့ဖူးသည်... 

တက္ကသိုလ်တက်ခဲ့တဲ့နှစ်တွေမှာတော့ မကြာမကြာအလည်လာတတ်တဲ့ သေသပ်တဲ့ကနုတ်ဆွဲချက်ရေးဆွဲထားတဲ့ အဝါရောင်လေးတွေ... 

ပုန်းရှောင်နိုင်လွန်းသူကို ကိုယ်တိုင်ရှာဖွေဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ချေ...

လူဆိုတာကရိုးအီသွားတတ်ကြတဲ့အမျိုးလေ... တစ်ချိန်ချိန်မှာ ဒီအဝါရောင်လေးတွေ သူ့ဆီကိုရောက်မလာတော့မှာကို မသိစိတ်ကစိုးရိမ်နေသည်... ဤသည်ကားဝန်မခံချင်ခဲ့တဲ့ အမှန်တရားတွေသာ...

အတန်းချိန်တွေမှာဆို နောက်ဆုံးလိုင်းမှာထိုင်လေ့ရှိပြီး တစ်တန်းလုံးကိုအကဲခတ်ခဲ့သည်... သံသယပိုထားသင့်တဲ့သူကိုထားသည်... သူသည်လည်းဒီလောက်ထိလူကဲခတ်မညံ့ခဲ့...

တစ်ခါတစ်လေ တစ်တန်းလုံးအပြင်ထွက်လို့မရတဲ့ assignment ချိန်တွေ tutorial အချိန်တွေအပြီး, သူအရင်ဆုံး စက်ဘီးဆီကိုရောက်လာခဲ့ပေမယ့် စက်ဘီးလက်ကိုင်မှာ အဝါရောင်လေးက အသင့်ရောက်လို့နေပြီးသားပင်...

ဒါဆိုရင်, သူတို့နဲ့လုံးဝမသက်ဆိုင်တဲ့ အပြင်မေဂျာတစ်ခုခုကများလား...

ဂျောင်ကုနဲ့သူ့သူငယ်ချင်းတွေ စောင့်ကြည့်တတ်တဲ့နေ့တွေဆို အဝါရောင်လေးကရောက်မလာတတ်ပေ... ဘယ်အချိန်, ဘယ်နေ့မှာ အဝါရောင်အိတ်ကလေးကို လာထားသွားလေမလဲဆိုတာက အတိအကျမရှိတာကြောင့် စောင့်ဖမ်းဖို့ဆိုတာထင်သလောက်မလွယ်ခဲ့ပြန်...

သူနောက်တစ်မျိုးထပ်ကြံစည်သည်...

လော့ကာမှာလာထားသွားတဲ့ အဝါရောင်အိတ်လေးပိုင်ရှင်အား CCTV ကြည့်ဖမ်းဖို့ပင်...

ဤသို့ဖြင့် ပစ္စည်းပျောက်ပါသည်ဆိုတဲ့ခေါင်းစဥ်နဲ့ CCTV ပြန်ကြည့်ဖို့ကြိုးစားခဲ့သည်... ဒါပေမယ့် ကျောင်းတွင်းလုံခြုံရေး Policy ကြောင့် သူကိုယ်တိုင်တော့ ကြည့်ခွင့်မရခဲ့... CCTV ကြည့်ပေးတဲ့ security ကလည်း အိတ်လာထားသွားတာကလွဲပြီး အဝင်အထွက်မရှိကြောင်းသာ အကြောင်းပြန်လေသည်... ဦးထုပ်ဆောင်းထားတဲ့ လူကောင်ခပ်သေးသေးတစ်ယောက်က လော့ကာလက်ကိုင်မှာ အိတ်ကိုချိတ်ရုံချိန်ခဲ့ပြီး ပြန်ထွက်သွားခဲ့တယ်တဲ့...

Secret of My Heart [Completed ✔]Where stories live. Discover now