Part 5 🍂

906 176 51
                                    

ကိုယ့်အပြစ်နဲ့ကိုယ်ပဲမို့ ကြိတ်မှိတ်နေနေရတာ တစ်ကယ်တမ်းတော့ ဒီကျောင်းပိတ်ရက်တွေမှာ သူလုံးဝမဆင်မပြေခဲ့ပါ... 

သူ့အကြောင်းတွေ တစ်ဦးတစ်ယောက်ကို ရင်ဖွင့်ပြောပြချင်ခဲ့ပေမယ့် သူ့ကိုယ်သူတောင်နားမလည်ခဲ့တာ တခြားတစ်စုံတစ်ယောက်ကရော မျှဝေခံစားနားလည်ပေးမည်တဲ့လား...

မဖြစ်နိုင်...

ခရီးတွေအမြဲတမ်းထွက်နေရတတ်တဲ့ အမေဖြစ်သူနဲ့ကလည်း တဖြည်းဖြည်းနွေးထွေးမှုတွေ အရည်ပျော်လာခဲ့တာနဲ့အမျှ... သူကိုယ်တိုင်ကလည်း တစ်ယောက်တည်းတိတ်တိတ်လေးနေရတဲ့ပုံစံမျိုးကို ပိုပြီးသဘောကျလာမိသည်...

တစ်နေ့ပြီးတစ်နေ့... 

အလုပ်တွေလုပ်... 

တစ်ကိုယ်ရည်အိမ်မှုကိစ္စတွေလုပ်... 

ညဘက်ဆိုစာဖတ်ရင်ဖတ်... 

အလုပ်တစ်ခုမဟုတ်တစ်ခု အဆက်မပြတ်ရှိနေမှသာ ပုံမှန်လူတစ်ယောက်လို အဆင်ပြေနေသည်... တစ်စုံတစ်ယောက်အကြောင်းက အချိန်ပိစိလေးရှိလျှင်ရှိသလို ဦးနှောက်ထဲကို အလုံးအရင်းလိုက်ဝင်ရောက်လာတတ်၏...

ရတဲ့အချိန်ပိစိလေးအတွင်းမှာ ဝင်ရောက်လာတတ်တဲ့"ဂျွန်"က တစ်နေ့လုံးလိုက်နှောင့်ယှက်နေတတ်သည်...

ဒီနေ့တော့ ဆော့ဂျင်စတိုးဆိုင်က အချိန်ပိုင်းအလုပ်ကို နေ့တစ်ပိုင်းခွင့်ယူထား၏... မနေ့ညနေကမှ လာပို့ထားတဲ့ ထမင်းလိပ်နဲ့ကင်မ်ချီဘူးလေးရယ် မက်မွန်သီးဖျော်ရည်ကို ပိုက်ဆံရှင်းပြီး ဝယ်ယူလိုက်သည်... အချိန်ပိုင်းလုပ်တဲ့ စတိုးဆိုင်မှ ရက်လွန်သွားပြီဖြစ်တဲ့ သုံးမြှောင့်ထမင်းလိပ် ၄,၅ ခုကို နေ့လည်စာအဖြစ်စားဖို့ခွင့်တောင်းယူတော့ ဆိုင်ရှင်ကနွားနို့ဘူး ၂ ဘူးကိုပါ ပေးလာသည်... 

ဒီနေ့အတွက် နေ့လည်စာတစ်ပြားတစ်ချပ်မှမကုန်ပဲ ဖြေရှင်းလိုက်နိုင်သည်မို့ ဆိုင်ကနေအထွက်မှာ ဆော့ဂျင်သဘောတကျပြုံးရယ်လိုက်မိ၏...

ဒီနေ့သူကျောင်းကိုအလည်သွားမလို့ဖြစ်သည်...

ကျောင်းသားတစ်ယောက်မှမရှိလို့ အထီးကျန်နေမယ့် ကျောင်းတော်ကြီးဆီကိုပေါ့... 

Secret of My Heart [Completed ✔]Where stories live. Discover now