Part 3 🍂

1K 182 42
                                    

ရူးသွပ်သည့် တိတ်တခိုးလုပ်ရပ်ကလေးတွေနဲ့တင် ကျေနပ်ပျော်ရွှင်နေသည်ဆိုလျှင် ယုံကြည်ပေးမည့်သူရှိပါမည်လား... ပုထုဇဥ်လူတိုင်းကတော့ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်ချစ်တာမျိုး ဘဝခရီးလမ်းကိုအတူတူကျော်ဖြတ်ရတာမျိုးကို အလိုရှိကြဆုံးတဲ့... တချို့ကဆိုပြန်တယ်... လောကကြီးမှာ မေတ္တာနှစ်ခုထပ်တူကျခြင်းက ကြည်နူးစွတ်ပြန့်စရာအကောင်းဆုံးတဲ့... ဒါပေမယ့်ဆော့ဂျင်ကတော့ တစ်ဦးတည်းသောသူတစ်ယောက်ရဲ့မျက်နှာကို ခိုးခိုးငေးကြည့်ခွင့်ရရုံလေးနဲ့တင် ပျော်ရွှင်အေးချမ်းသည်...

ဆော့ဂျင်တစ်ချက်ပြုံးလိုက်မိရင်း မျက်စောင်းထိုးနေရာမှာ ထောက်ချွန်တစ်ခု သံပေတံတစ်ခုနဲ့ ခေါင်းတကုတ်ကုတ်ဖြစ်နေသော ဂျောင်ကုကို ၉၉ ကြိမ်မြောက်ခိုးကြည့်လိုက်သည်... ဂျောင်ကုက Software နဲ့ဆွဲရသော Drawing စာသင်ချိန်များတွင် မညံ့သော်လည်း Hand Drawing တွင်တော့ သိသိသာသာနောက်ကျကျန်တတ်သည်... စိတ်မရှည်တတ်တာက အဓိကကျလေသည်... ခဏခဏလည်း အတန်းထဲမှာ Software တွေရှိနေရက်နဲ့ Hand Drawing တွေဆွဲနေရသည်လဲဆိုပြီး အထွန့်တတ်တတ်သူ...

ဒါပေမယ့် တွက်စာဘာသာတွေထက်စာရင် Drawing ဘာသာကအမှတ်ရလွယ်သည်... ဦးနှောက်ကိုသိပ်သုံးစရာမလိုပဲ အေးအေးဆေးဆေးအောင်နိုင်သည့် ဘာသာတစ်ခုလို့ပြော၍ရသည်...

ဆော့ဂျင်လက်စသတ်ဆွဲပြီးသည့် A1 Drawing စာရွက်လေးကို စနစ်တကျခေါက်သိမ်းပြီး စားပွဲပေါ်မှာကျကျနနလေးတင်လိုက်သည်... အနည်းငယ်လျှောကျနေသော မျက်မှန်ဝိုင်းလေးကို လက်ညိုးဖြင့်တွန်းတင်လိုက်ပြီး ဘေးဘီကိုတစ်ချက်ဝေ့ကြည့်သည်... ထို့နောက် ဖျက်ရာပရပွနှင့် ပုံဆွဲစာရွက်ကို စိတ်မရှည်စွာဖြင့် ခဲတံမှိန်မှိန်နဲ့ဆွဲခြစ်ပစ်နေသည့် နောက်ကျောပြင်ကျယ်ကို ဆော့ဂျင်ထိုင်ကြည့်နေလိုက်တယ်... ထိုသူကဆံပင်တွေကိုဆွဲဖွလိုက် ထိုင်ပြီးဆွဲလိုက် မတ်တပ်ရပ်ပြီးဆွဲလိုက်နဲ့ တစ်ယောက်တည်းစိတ်တွေ အရမ်းရှုပ်နေရှာသည်... ထိုကျောပြင်ကိုကြည့်ရင်း ဆော့ဂျင်အသံထွက်ရယ်မိတော့ ဘေးမှာထိုင်တဲ့ကျောင်းသူလေးက သူ့ကိုကြောင်စီစီဖြင့်လှည့်ကြည့်သည်...

Secret of My Heart [Completed ✔]Where stories live. Discover now