Part 15 🍂

1.3K 216 67
                                    

ပထမဆုံးသောအနမ်းတစ်ပွင့်ကို ချွေယူလေပြီးတဲ့နောက် အရှက်သည်းစွာပုန်းရှောင်နေတဲ့ အဖြူထည်လေး ...

အဲ့ဒိနေ့ညတုန်းက သူ့ဆီကနေထွက်ပြေးသွားတာမှ တစ်ချက်လေးတောင်ပြန်လှည့်မကြည့်ခဲ့ပဲ ပရိဘောဂဆိုင်လေးထဲဆီ ပြေးဝင်သွားခဲ့တာ...

လမ်းမီးဝါဝါ, ဝါကျင်ကျင်ဂင်ကိုပင်ကြီးအောက်မှာ ညအတော်မိုးချုပ်တဲ့အထိ သူစောင့်နေခဲ့သေးတယ်... ဒါပေမယ့် အခန်းပြတင်းပေါက်ကနေ အရိပ်သေးသေးလေးလာပြီး ချောင်းကြည့်ရုံကလွဲပြီး သူ့ဆီကိုပြန်ထွက်မလာတော့ဘူး... 

ပြီးတော့ ရှက်သွေးဖြာ နီမြန်းသွားတဲ့ နားရွက်ဖျားကလေးတွေ... ဖြူဥနူးညံ့နေတဲ့မျက်နှာလေးကို အနီးကပ်ဆုံးမြင်လိုက်ရတဲ့အနေအထားလေးတစ်ခု... အံ့ဩမှုစွက်နေတဲ့ ရွှန်းလဲ့လဲ့မျက်ဝန်းကြည်ကြည်လေးတွေ... စိတ်လှုပ်ရှားခြင်းကြောင့် တဆတ်ဆတ်တုန်ရီနေတဲ့ နှင်းဆီဖူးရောင်နှုတ်ခမ်းအိအိလေးတွေ... ဒါတွေကတစ်ကယ်ကို မူးယစ်စေတယ်,စွဲလန်းစေတယ်ဆိုတာကို အပြည့်အဝဝန်ခံရပေမည်...

လတ်လတ်ဆတ်ဆတ်အနမ်းကလေးကို ပြန်လည်ပုံဖော်ကြည့်ရင်း အနမ်းပိုင်ရှင်လေးကို သူစောင့်နေခဲ့သည်... သစ်ရွက်ခြောက်တွေနဲ့ မြေကြီးတချို့ကို ရှူးဖိနပ်ထိပ်ဖြင့်ထိုးစွရင်း အတွေးတစ်ခုထဲကို စီးဝင်သွားတဲ့အခါ နှုတ်ခမ်းပါးကအလိုလို ပြုံးယောင်သန်းမိ၏... 

အလုပ်ခန်းသေးသေးလေးထဲကနေ အိမ်မပြန်သေးတဲ့သူ့ကို စိတ်မချနိုင်လေပဲ ခိုးခိုးကြည့်နေတာသူသိတော့ ရယ်ချင်စိတ်ကထိန်းမရ... 

ထိုညက ၉ နာရီထိုးလောက်မှာ သူအိမ်ပြန်ခဲ့သည်... ထိုအခါ ပြတင်းပေါက်နားက အရိပ်ကလေးမှာသိသာစွာပင် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်...

🍂🍂

"ဂျင်..."

"........"

"ဂျင်... ဆော့ဂျင်..."

"........."

"ကင်မ်ဆော့ဂျင်... ဒါဘယ်ကို..."

သူနဲ့မျက်နှာချင်းဆိုင် ဆုံလေဆုံခြင်း ဘက်ဂီယာထိုးပြီးထွက်ပြေးသွားတာ တစ်ကယ့်ကိုကလေးတစ်ယောက်လို... ရှက်တာကိုနားလည်ပေမယ့် တစ်ပတ်ကျော်တဲ့အထိ ရှောင်ပြေးနေတာကိုတော့ ဒီအတိုင်းဆက်ပြီးမထားနိုင်ဘူးလေ... ဒီတစ်ပတ်အတွင်းမှာ ဆော့ဂျင်ကြောင့် လစ်ဟာနေတဲ့နေရာလပ်က ထင်ထားတာထက်ထုထည်ကြီးနေသည်... ခံရခက်နေခဲ့သည်...

Secret of My Heart [Completed ✔]Where stories live. Discover now