Part 8 🍂

991 192 72
                                    

နီးစပ်ခဲ့ပြီးမှ ဝေးသွားကြတာနဲ့

နီးစပ်ခွင့်တောင်မရလိုက်ပဲ ဝေးသွားကြတာ...

မည်သည်ကခံစားရတာပိုသက်သာလိမ့်မလဲ... 

ဆော့ဂျင်, ဤအရာအား ညပေါင်းများစွာ အဖြေထုတ်ခဲ့ဖူးပါသည်...

နောက်ဆုံး,အဖြေမရှိလေတော့ စိတ်ဖြေသည့်အတွေးလေးနဲ့သာ အဆုံးသတ်လေ့ရှိ၏...

အနည်းဆုံးတော့သူဟာ ရှင်သန်နေသေးသလို... ဂျွန်ဟာလည်း ကမ္ဘာကြီးတစ်နေရာမှာ တည်ရှိနေသေးတာပဲမဟုတ်ပါလား... ဝေးကွာသွားခြင်းသည် ခါးသက်နေပေမယ့် မျှော်လင့်ချက်မဲ့နေတာတော့မဟုတ်ခဲ့...

မျှော်လင့်ချက်မှုန်ဝါးဝါးလေးတွေက ထာဝရအတွက်ပင်...


သူ့ရဲ့စိတ်စွမ်းအားတွေကြောင့်ထင်ပါသည်... ၅ နှစ်နီးပါး ကနေဒါမှာအခြေချနေခဲ့တဲ့ဂျွန်ဟာ ကိုးရီးယားကိုပြန်ရောက်လာပြီတဲ့... 

အိမ်မက်တစ်ခုလိုပဲ မယုံကြည်နိုင်သေးလို့ ကိုယ့်ပါးကိုယ် ခပ်နာနာလေးဆွဲကြည့်မိတယ်...

အိမ်မက်တစ်ခုမဟုတ်ကြောင်းပေါ်လွင်လာလေ ဆော့ဂျင်ရဲ့ဝမ်းသာမျက်ရည်တွေ ထိန်းမရနိုင်အောင်ဖြစ်လေပင်...

ဆော့ဂျင် လက်အိတ်လေးတွေကိုပြန်ဝတ်လိုက်ကာ လုပ်လက်စစာကြည့်စားပွဲခုံအပုလေးကို လက်စသတ်လိုက်သည်... ထို့နောက် စားပွဲခုံလေးကို ဗြောင်းပြန်လှန်ကာ ဆွဲနေကျ, ကနုတ်လိုင်းလေးအား ထွင်းလိုက်၏... ဆော့ဂျင်က သူကိုယ်တိုင် customized လုပ်ပေးတဲ့ ပရိဘောဂမှန်သမျှမှာ ထိုကနုတ်ကလေးတွေအား အမှတ်တံဆိပ်တစ်ခု, သကေ်တတစ်ခုအနေနဲ့ ထည့်လေ့ရှိပါသည်... 

အချိန်အတော်လေးလင့်နေပြီဆိုပေမယ့် ဆော့ဂျင်မပင်ပမ်းနိုင်... ခဏခဏပြုံးမိနေသလို... သူပြန်ရောက်လာပြီဆိုတဲ့အတွေးကို တစ်ခေါက်တွေးမိရင် တစ်ခါမျက်ရည်ဝဲမိပြန်၏...

 အားလုံးကျကျနန, လှလှပပလေး အပြီးသတ်သွားသည်နှင့် သစ်မှုန်တွေဖယ်သွားအောင် လေနဲ့ပြင်းပြင်းမှုတ်လိုက်သည်... ထိုအခါ သေသပ်တဲ့ကနုတ်လိုင်းတွန့်လေးတွေ ထင်ရှားစွာပေါ်လာလေ၏... 

Secret of My Heart [Completed ✔]Where stories live. Discover now