Part 13 🍂

1.1K 192 41
                                    

တွဲကြည့်ကြဖို့စပြောခဲ့တာ သူ့ဘက်ကဆိုသော်ငြား ဆော့ဂျင်ရဲ့သိတတ်မှု၊ သူ့အပေါ်ဂရုစိုက်မှုတွေက စာဖွဲ့၍ပင်ကုန်နိုင်မည်မထင်ပါ... အနေအေးတဲ့ဆော့ဂျင်က သိသိသာသာမဖော်ပြပေမယ့် အပြုအမူသေးသေးလေးတွေကအစ သူ့အပေါ်သဲသဲလှုပ်တာပေါ်လွင်နေသည်...

ကုမ္ပဏီကသူတွေကို အသိမပေးကြသေးတာကလွဲလို့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အဆင်ပြေနေတာထက်ကိုပိုပါသည်... အဓိကကတော့ ဆော့ဂျင်ကြောင့်သာ...

ဆော့ဂျင်က ကုမ္ပဏီကသူတွေကို အသိပေးလိုက်ဖို့ သိပ်ကိုစောနေသေးတယ်လို့တားဆီးသည်... သူ့ဘက်ကလည်း လွယ်လင့်တကူသာ သဘောတူညီလိုက်၏... သူ့အနေနဲ့ကတော့ ဆော့ဂျင်နဲ့သူနဲ့အကြောင်းကို သိတဲ့သူနည်းလေ ပိုပြီးတော့အဆင်ပြေလေ... နေရမကြပ်လေပဲလေ... လူသိရှင်ကြားတွဲဖို့ အနည်းငယ်တွန့်ဆုတ်နေမိတာကိုဝန်ခံရမည်...

အခုဆိုရင် သူတို့နှစ်ယောက်တွဲနေကြတာ ၁ လတိတိပြည့်ခဲ့ပြီ... ဒီကြားထဲမှာ ချယ်ယောင်းဆီကနေလည်းအဆက်အသွယ်မရခဲ့... သူကိုယ်တိုင်လည်း ကနေဒါကို အားလပ်ရက်ရှိနေသော်ငြား မပြန်ဖြစ်ခဲ့ပါ...

ဆော့ဂျင်ရဲ့အမူအကျင့်လေးတွေ သူများကိုဦးစားပေးတတ်တာတွေက တစ်ကယ်ကိုချစ်စဖွယ်အတိ... သူဌေးသားတစ်ယောက်နဲ့ တွဲနေတာပေမယ့် လက်ဆောင်ပစ္စည်းတစ်ခုခု ဝယ်ပေးဖို့မပူဆာတတ်ခဲ့ ရပိုင်ခွင့်တစ်ခုခုကိုတောင်းဆိုခြင်းမျိုး စိတ်ကူးလေးတောင်ရှိပုံမပေါ်... ဆော့ဂျင်သိတာက သူကိုယ်တိုင်လုပ်ထားတဲ့အရုပ်ကလေးတွေ လက်ဆောင်ပေးမည်... Interior Decoration သေချာမလုပ်ရသေးတဲ့ သူ့အခန်းကိုလှလှပပလေးနဲ့ နေရတာသက်တောင့်သက်သာဖြစ်အောင် လုပ်ပေးမည်... သူချက်တတ်တာတွေကို မမောနိုင်မပမ်းနိုင်ချက်ကျွေးမည်... ဒါတွေပဲသူ့ခေါင်းထဲမှာအပြည့်... 

ကုမ္ပဏီပိုင်ရှင်ရဲ့သားနဲ့တွဲနေလို့ မောကြွားတာမျိုး တစ်စိုးတစ်စင်းမျှမရှိ... တစ်ခါတစ်လေ တချို့စီနီယာတွေက ဆော့ဂျင်ကိုနိုင်စားလို့တောင် သူ့မှာဘေးကနေမခံနိုင် ဖြစ်ရသေးတာ... 

အခုလည်းကြည့်... ညစာအတွက်ဆိုပြီး တလှုပ်လှုပ်နဲ့မမောနိုင်မပမ်းနိုင် ပြင်ဆင်ပေးနေတဲ့ဆော့ဂျင်...

Secret of My Heart [Completed ✔]Where stories live. Discover now