Part 2 🍂

1K 178 29
                                    

"Notes တွေကသပ်ရပ်ပြီး ပြည့်စုံလှချည်လား... ဂျွန်ဂျောင်ကု... ဟိတ်ကောင်..."

အဝါရင့်ရောင်စာအုပ်ကလေးတွေကို အလုအယက်ဖြင့် တဖျတ်ဖျတ်လှန်ကြည့်နေကြသည်... စာအုပ်ကိုအဖုံးပြန်ပိတ်လိုက်ရင်းနဲ့ ဂျောင်ကုသူငယ်ချင်းတစ်စုမှာ အဖုံးလေးပေါ်အကြည့်တို့ခပ်ကြာကြာသက်ရောက်နေလေသည်... အဝါရောင်ကြွနေတဲ့အဖုံးလှလှလေးအား သဘောတကျရှိနေကြပုံပေါ်ပါသည်...

ဂျောင်ကုကဘာမှသိပ်ဝင်မပြောပေမယ့် ကျန်တဲ့သူငယ်ချင်းတွေမှာတော့ ထင်ရာမြင်ရာကိုကောက်ချက်မျိုးစုံချနေကြလေသည်...

"ဂျောင်ကုကတော့စန်းပဲ..."

"ဒီလို Notes လေးတွေ အသင့်လိုချင်ရင် မင်းမျက်ခွက်နဲ့တော့ ဒီတစ်သက်မဖြစ်နိုင်ဘူး..."

"ဘာလဲ... ဒါတွေကလည်း အမည်မဖော်လိုသူ ဟိုတစ်ယောက်ပဲလား... မုန့်လေးတွေလာလာထားတဲ့တစ်ယောက်လေ..."

"ကောင်မလေးကမေဂျာတူတူပဲထင်တယ်..."

"ကောင်မလေးလို့ဘာကိစ္စမင်းက ထစ်ထစ်ချကြီးပြောနိုင်ရတာလဲ..."

"ဒီမှာကြည့်လေကွာ... ဒီလက်ရေးလက်သားနဲ့ ဒီလိုသပ်ရပ်မှု ဒီလိုစိတ်ရှည်မှုမျိုးက မိန်းကလေးတစ်ယောက်ဆိုတာ သိသာစေတယ်လေကွာ..."

ကာယကံရှင်က အနီးလေးမှာရှိနေသည်ကို မသိကြလေတော့ တစ်ယောက်တစ်မျိုးမှတ်ချက်အမျိုးမျိုးပေးနေကြသည်... ဆော့ဂျင်နှုတ်ခမ်းလေးတွန့်သွားရုံပြုံးလိုက်ကာ မှာထားတဲ့ Green Tea ပူပူလေးအားဖြည်းဖြည်းချင်းမှုတ်လိုက်ပြီး နည်းနည်းချင်းစီသောက်သည်... အာရုံကလက်ထဲကစာအုပ်ထဲမှာမရှိသော်လည်း စာရွက်နောက်တစ်ရွက်ကိုဟန်ပါပါနဲ့လှန်လိုက်ကာ မျက်မှန်ဝိုင်းလေးကိုပါတစ်ချက်ပင့်တင်လိုက်သည်... 

ဒီလိုပါပဲ... ကင်မ်ဆော့ဂျင်ဆိုသည်မှာ ဂျွန်ဂျောင်ကုရှိတဲ့နေရာမှာ မထင်မရှားပုံစံလေးနဲ့ရှိနေတတ်သူ... သတိမထားမိစေရန် ကြိုးစားပုန်းကွယ်နေတတ်သူ... ပုန်းကွယ်နေရတာကို အသားတကျဖြစ်နေတဲ့သူတစ်ယောက်ပင်...

"စာကိုသပ်သပ်ရပ်ရပ်လေးလိုက်လုပ်တတ်တဲ့ စာကြမ်းပိုးကောင်လေးဖြစ်နေရင်ရော..."

Secret of My Heart [Completed ✔]Where stories live. Discover now