"ဒီအရုပ်တွေကဘာတွေလဲကင်မ်ဆော့ဂျင်..."
ရုံးခန်းငယ်လေးတွင် တစ်ဦးတည်းအပိုင်စားနေကာ showcase ပေါ်တွင်ပါ အရုပ်လေးကိုနေရာအပိုင်ပေးထားတဲ့ဆော့ဂျင်... သစ်သားရုပ်လေးတစ်ခုကို ဆေးရည်သုတ်နေတုန်း အဖွဲ့ခေါင်းဆောင်မင်တစ်ယောက် ရုံးခန်းထဲကိုဝင်ချလာ၏...
"တိုင်ထားတဲ့သူတွေရှိတယ်ကင်မ်ဆော့ဂျင်... အလုပ်ချိန်မှာအရုပ်တွေလုပ်နေတယ်ဆို..."
တစ်ရုံးလုံး အဖွဲ့ခေါင်းဆောင်မင်ကို မကြောက်တဲ့သူမရှိသည်မို့ ဆော့ဂျင်သည်လည်းထပ်တူပင်...
"ကျွန်တော်... ကျွန်တော်ပျင်းလို့ပါ အဖွဲ့ခေါင်းဆောင်မင်... အပျင်းပြေအနေနဲ့လုပ်မိတာပါ... ဒါတွေအကုန်ကျွန်တော်ပြန်ရှင်းပေးမှာပါ... အမှိုက်မပွစေရပါဘူး..."
ပြောပြောဆိုဆိုဖြင့် သစ်သားစလေးတွေကို ကဗြာကယာဖြင့်ပြောင်စင်သွားအောင် လိုက်သိမ်းဆည်းနေပြီး လက်ကျန်အစအနလေးတွေကို လေဖြင့်အားပြင်းပြင်းမှုတ်လိုက်သည်...
"မဟုတ်သေးပါဘူးကင်မ်ဆော့ဂျင်... အမှိုက်ပွလို့ဒါတွေမလုပ်ရဘူး ပြောချင်တာမဟုတ်ဖူး... အလုပ်ချိန်မှာအလုပ်နဲ့မဆိုင်တာတွေလုပ်လို့မရဘူး... မသင့်တော်ဘူး... သူများပြောစရာဖြစ်မယ်... နေပါဦး... မင်းကိုငါအလုပ်တွေ ပေးထားတယ်လေ... ငါတို့ဒီဇိုင်းကို ဟန်မြစ်ဘေးမှာဆောက်မယ့် Abnoba Project မှာဝင်ပြိုင်ဖို့ပြင်ထားခိုင်းတာကရော..."
"ကျွန်တော်ဆွဲလို့ပြီးနေပါပြီခေါင်းဆောင်မင်... အဆင်ပြေတာရွေးချယ်လို့ရအောင်ကျွန်တော်ဒီဇိုင်းကို ၃ ခုတိတိ Propose လုပ်ဖို့ပြင်ထားပါတယ်... ကျွန်တော်အခုပဲ email ကနေပို့ပေး..."
"ဖွင့်ထားပြီးသားရှိတယ်မလား... ငါအခုပဲကြည့်သွားမယ်..."
"ဟုတ်ကဲ့..."
ခေါင်းဆောင်မင်တစ်ယောက် စိတ်ဝင်တစားဖြင့် ကွန်ပျူတာမျက်နှာပြင်ကိုကြည့်နေတာ ၁ နာရီကျော်ကျော်ကြာချေပြီ... ဆော့ဂျင်ကတော့ဘေးနားမှာ မတ်တပ်ရပ်လျက်သား အသက်ပင်ဖြောင့်ဖြောင့်မရှူရဲပဲ ရှိသမျှဘုရားအကုန်တနေတော့၏...
YOU ARE READING
Secret of My Heart [Completed ✔]
Short Storyလူတစ်ယောက်အပေါ်အချစ်ဦးရဲ့လွှမ်းမိုးနိုင်မှုကိုငါကအသိဆုံးပဲမို့မင်းကိုအပြည့်အဝနားလည်ပေးနိုင်ပါတယ်🍁🍂🍂🍂🍃 #MyanmarSub