"ရက်စ်စ်... နောက်ဆုံးတော့အဆုံးသတ်နိုင်ခဲ့ပြီ... အားယားးးး... ပျော်လိုက်တာ..."
ကွန်ပျူတာစားပွဲမှာ ခါးမတ်မတ်လေးထိုင်နေတဲ့ဆော့ဂျင်, ဟိုဘက်ဒီဘက်လှည့်ရင်း အားရပါးရအညောင်းတွေဆန့်နေသည်...
စားပွဲပေါ်ကဒိုးနပ်မုန့်နှစ်ခုကို လှမ်းယူလိုက်ပြီး တစ်ခုကိုတော့ ပါးစပ်ထဲတစ်ခါတည်းထည့်လိုက်သည်... ကျန်တစ်ခုကို အသင့်အနေအထားဖြင့် လက်ကကိုင်ထားလေ၏...
"ဂျောင်... ဂျောင်ကု... ဒီမှာဒီပုံနှစ်ခုကိုလာသုံးသပ်ပေးပါဦး..."
ပါးစပ်ထဲမုန့်အပြည့်နဲ့မို့ စကားတွေကဝူးဝူးဝါးဝါးဖြင့်...
တစ်နေကုန် ကွန်ပျူတာတစ်လုံးရှေ့ထိုင်နေပြီး သူ့ကိုတစ်ချက်တောင် ဂရုစိုက်ဖော်မရတဲ့ ဆော့ဂျင်ပေါက်စက ဆွဲလို့ပြီးသွားတဲ့ ပုံတွေကျတော့ ခေါ်ပြဖော်ရသည်... ဒီပုံတွေထဲ ခေါင်းစိုက်ဝင်မတတ်ကြိုးစားနေတာ အရင်တစ်ခါဒီဇိုင်း Reject ဖြစ်သွားကတည်းက...
အခုလည်း Abnoba Project ကြီးထဲက နောက်ထပ်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဓာတ်ပုံနဲ့ပန်းချီပြခန်းအတွက်ကို ဝင်ပြိုင်ဖို့ဆော့ဂျင်ပြင်ဆင်နေလေတာ...
ဂျောင်ကုတစ်ယောက် ပါးနှစ်ဖက်အပြည့် ဒိုးနပ်မုန့်တွေစားရင်း သူ့ကိုလက်ယမ်းခေါ်နေလေတဲ့ဆော့ဂျင်ကိုမကျေမနပ်ဖြင့် တစ်ချက်စိုက်ကြည့်လိုက်သည်...
ဒီမုန့်တွေကိုပဲ အားပြုစားနေတာ ဘယ်နှရက်ရှိလို့ရှိပြီမှန်းမသိ...
မရိုးမအီနိုင်ပဲ ယိုမပါတဲ့ဒိုးနပ်မုန့်တွေကို ရက်ဆက်စားနိုင်တဲ့ဆော့ဂျင်က အလုပ်ကလွဲပြီး ကျန်တာသတိရပုံမရချေ... သူ့ကိုတောင်မေ့နေပုံပေါ်သည်...
"ဂျောင်ကု... လာကြည့်ပါဆို... ဒီတစ်ခါအများကြီးတိုးတက်လာပြီ..."
"ဘယ်သူပြောတာလဲ..."
"ငါ့ကိုယ်ငါသိတာ... လာကြည့်ပါဆို..."
ဂျောင်ကုရဲ့ ရှပ်အကျီလက်ဖျားကနေကိုင်ဆွဲပြီး ကွန်ပျူတာစားပွဲဆီကိုခေါ်လာသည်...
"ဒီမှာထိုင်... ဒါကိုကြည့်... ဒီ,ဒီဇိုင်းနှစ်ခု ဘယ်ဟာပိုအဆင်ပြေမယ်လို့ထင်လဲ..."
YOU ARE READING
Secret of My Heart [Completed ✔]
Short Storyလူတစ်ယောက်အပေါ်အချစ်ဦးရဲ့လွှမ်းမိုးနိုင်မှုကိုငါကအသိဆုံးပဲမို့မင်းကိုအပြည့်အဝနားလည်ပေးနိုင်ပါတယ်🍁🍂🍂🍂🍃 #MyanmarSub