Part 4 🍂

921 175 40
                                    

ဆောင်းဦးကာလအပိုင်းအခြားလေးက ပုံမှန်ရက်များထက်သာလွန်စွာ လှပသက်ဝင်နေသည်... ဆောင်းတွင်းသဖွယ်အအေးဓာတ်လွန်ကဲသည့် အချိန်တစ်ခုလည်းမဟုတ်... မိုးတွင်းလိုလည်းစိုစွတ်မနေသလို နွေကဲ့သို့လည်းမပူပြင်းပေ... ဒါပေမယ့်တိုတောင်းလွန်း၏... 

ဆော့ဂျင်ခပ်စောစောလေး အိပ်ယာကထလိုက်သည်... ညအိမ်ပြန်နောက်ကျတတ်တဲ့ အမေဖြစ်သူအတွက်ပေါ့ပေါ့ပါးပါးမနက်စာလေးပြင်ပေးလိုက်ကာ အချိန်ပိုင်းအလုပ်ဆီသွားဖို့ပြင်လိုက်၏... နေမင်းကြီးနိုးထခါစကာလမို့ မြူတွေခပ်ပါးပါးလေးဆိုင်းနေကာ မဆိုစလောက်အချမ်းဓာတ်လေးပိုလို့နေသည်...

ကျောင်းသွားတဲ့လမ်းမှာဖွင့်ထားတဲ့ ခေါက်ဆွဲဆိုင်တစ်ခုမှာ မနက်အချိန်ပိုင်းအလုပ်လုပ်သည်... ကျောင်းနဲ့မလှမ်းမကမ်းလေးမှာရှိတာကြောင့် ဆော့ဂျင်အတွက်တော့ အဆင်ပြေတာထက်ပိုပေသည်... ရောင်းအားကောင်းရင်ကောင်းသလောက် မုန့်ဖိုးရတတ်သလို မနက်စာအဖြစ်ခေါက်ဆွဲပူပူတစ်ပွဲကို အလကားကျွေးလေ့ရှိ၏... ဒီနေ့မနက်တော့ဆော့ဂျင်တစ်ယောက် သူ့အတွက်ပြင်ထားပေးတဲ့ ခေါက်ဆွဲတစ်ပွဲကိုခပ်မြန်မြန်စားလိုက်ပြီး ဆိုင်အပြင်မှာရပ်ထားတဲ့ စက်ဘီးလေးဆီကိုသွားလိုက်သည်... ဒီနေ့အတွက်လုပ်အားခကိုတောင်မယူအားပဲ အလျင်စလိုဖြစ်နေတဲ့ဆော့ဂျင်ကို ဆိုင်ရှင်အဒေါ်ကြီးကခပ်ကျယ်ကျယ်အော်ခေါ်ကာ လုပ်အားခနဲ့မုန့်ဖိုးကိုလိုက်ပေး၏... ဆော့ဂျင်ကျေးဇူးတင်ကြောင်းအခါခါပြောလိုက်ရင်း လျှောကျနေတဲ့မျက်မှန်ဝိုင်းဝိုင်းကို တစ်ချက်ပင့်တင်လိုက်ကာ စက်ဘီးကိုခပ်သုတ်သုတ်နင်းလိုက်တော့သည်...

🍂🍂🍂

ဒီနေ့သူနောက်ကျပြန်ပါသည်...

မနက်အချိန်ပိုင်းအလုပ်စလုပ်ကတည်းက မနက်ခင်းစာသင်ချိန်အတော်များများကို နောက်ကျနေရသည်... အကယ်၍ မေဂျာနှစ်ခုပေါင်းပြီး သင်ရသည့်ဘာသာရပ်များသာမရှိခဲ့ပါလျှင် တစ်ယောက်သောသူကို တစ်နေကုန်တွေ့ခွင့်မရတော့ပေ...

တစ်ယောက်သောသူဆိုတာက သူတိတ်တခိုးလေးနာမည်ပေးထားခဲ့တဲ့‌ "ဂျွန်" ဆိုတဲ့ ဝေါဟာရပိုင်ရှင်လေး ဂျွန်ဂျောင်ကု...

Secret of My Heart [Completed ✔]Where stories live. Discover now