Part 21 🍂

1.5K 223 42
                                    

အချိန်အားဖြင့် ညကိုးနာရီကျော်...

ဂျောင်ကုတစ်ယောက် ဆော့ဂျင်ရှိလောက်မယ့် ပရိဘောဂခန်းလေးဆီကိုသာ မျှော်လင့်ချက်ဖြင့်ဦးတည်လာခဲ့သည်... 

လမ်းထိပ်နားကိုအရောက်မှာ အမှိုက်ထုပ်ကြီးငယ်ဆွဲလာတဲ့ ဟွန်းလေးဆိုသည့်ကောင်လေးကို တွေ့လိုက်သည်မို့ ထိုကောင်လေးဆီကိုသာ လျှောက်သွားလိုက်တော့၏...

"ဆော့ဂျင်...ရှိလား..."

"ဘာကိစ္စရှိလို့လဲ..."

ဂျောင်ကုကိုမြင်တော့ အနည်းငယ်အံ့ဩသွားပုံရပေမယ့် မျက်နှာကတော့ခပ်တင်းတင်းဖြင့်သာ တုန့်ပြန်လာလေသည်... 

"မင်းရဲ့ သူဌေးနဲ့တွေ့ရမှဖြစ်မယ် သူအခုဘယ်မှာလဲ..."

ဟွန်းလေးက အမှိုက်မှုန်တချို့ကပ်နေတဲ့ လက်နှစ်ဖက်ကိုခါလိုက်ကာ ဂရုမစိုက်သလိုပြုမူနေလေသည်...

"မသိဘူး..."

"မင်းကိုမေးမိတာကိုကမှားတာ..."

ဂျောင်ကုကတော့ လက်ထဲမှာပါလာတဲ့စက္ကူပုံးလေးကို လက်တစ်ဖက်တည်းနဲ့ထိန်းကိုင်ထားကာ ကျန်လက်တစ်ဖက်က အိတ်ကပ်ထဲမှဖုန်းကိုထုတ်ယူသည်... 

ဂရုမစိုက်သလို မထီမဲ့မြင်ရုပ်ဖမ်းနေတဲ့ ဟွန်းလေးကတော့ သူနဲ့မဆိုင်သလို အကြည့်လွှဲထားနေသည်... ဂျောင်ကုမျက်နှာကိုမကြည့်ပေမယ့် လက်ထဲမှာရှိတဲ့ စက္ကူပုံးလေးထဲမှ ပစ္စည်းတချို့ကို လှမ်းမြင်လိုက်တော့ ဟွန်းလေးရဲ့မျက်လုံးတွေက သိသိသာသာပြူးကျယ်သွားတော့၏...

"နေပါဦး...ဒီကဂျွန်ဂျောင်ကုဆိုတဲ့အစ်ကိုကြီး... ဒါတွေကဘာတွေလဲ..."

ဂျောင်ကုလက်ထဲက စက္ကူပုံးကိုလုသလိုဆွဲလာလေတော့ ခေါ်နေတဲ့ဖုန်းကိုပြန်သိမ်းလိုက်ပြီး...

"ဘာလို့အတင်းတွေဆွဲလုနေတာလဲ... ဆော့ဂျင်နဲ့စကားပြောပြီး ငါသိချင်နေတဲ့ အဖြေတစ်ခုရဖို့လိုတယ်... အခုသူဘယ်မှာလဲ... ဟာ... ဟိတ်ကောင်... မင်းကိုငါမဆွဲလုနဲ့လို့ပြောနေတယ်..."

အသံခပ်ကျယ်ကျယ်ဖြင့် တားဆီးနေပေမယ့်ဟွန်းလေးလက်ထဲကိုတော့ အဝါရောင်စာအုပ်လေးတစ်အုပ်ပါသွားခဲ့ချေပြီ... ဟွန်းလေးက ထိုစာအုပ်လေးကို ဘယ်ပြန်ညာပြန်ကြည့်ရင်း တဖြည်းဖြည်းပြုံးလာ၏... ထို့နောက် ပတ်ဝန်းကျင်ကို နည်းနည်းလေးတောင်ဂရုမစိုက်ပဲ ရယ်နေပြန်သည်...

Secret of My Heart [Completed ✔]Where stories live. Discover now