" လူနာ!!!"
ဆေးရုံထဲ ကလေးကိုပွေ့ပြီး ပြေးဝင်လာတဲ့လူကို ရိပေါ် မှတ်မိလိုက်သည်။ တစ်ချိန်က သူ့ကိုအရမ်းအမြင်ကတ်ခဲ့တဲ့ စာငပျင်းလေး ရှောင်ကျန့်။ ရိပေါ် သူ့ဘေးနားက nuresကို ဆေးပစ္စည်းအဆင်သင့်ပြင်ပေးထားဖို့ ပြောပြီး ရှောင်ကျန့်လက်ထဲက ကလေးကို လက်လွဲယူလိုက်သည်။
ကုတင်ရှိရာသို့ သွားနေရင်းက သူ့နောက်ကလိုက်လာသည့် ရှောင်ကျန့်ကို မေးရသေးသည်။
" ဘာဖြစ်လာတာလဲ? "
" ကျောင်းမှာ ကလေးချင်းရန်ဖြစ်ကြရင်း တစ်ဖက်ကလေးက ကျောက်ခဲနဲ့ထုလိုက်တာ "
" ကျောင်းဆရာလား? "
" ဟုတ်ပါတယ် "
ဝမ်ရိပေါ် နားမလည်နိုင်ဖြစ်သွားသည်။ စာကျက်ပျင်းတဲ့ကောင်လေးက ကျောင်းဆရာဆိုတော့ သူ့တပည့်တွေကို ဘယ်လိုများစာကျက်ဖို့ တွန်းအားပေးမလဲဆိုတာ အရမ်းသိချင်မိသည်။
သူစာကျက်ရင် လာလာပြီးအော်မကျက်ဖို့ ခြိမ်းလားခြောက်လားလုပ်တတ်တဲ့ကောင်လေးက ကျောင်းဆရာလေးတဲ့လား? ကောင်စုတ်လေးကတော့ သူ့ကိုမှတ်မိမယ်မထင်။
" စိတ်မပူပါနဲ့ ကိုယ်အကောင်းဆုံးကြိုးစားပေးပါ့မယ်"
၃ချက်ချုပ် ဆေးထည့် ပက်တီးစည်းပေးပြီးသွားတဲ့နောက်မှာ ဝမ်ရိပေါ် လိုက်ကာအကွယ်ကနေ ထွက်လာခဲ့သည်။ mask ချွတ်ပြီး ရှောင်ကျန့်နားက လူတွေကို ပြုံးပြလိုက်သည်။ ကလေးမိဘတွေဖြစ်မည်ထင်သည်။
" ဆရာ ကျွန်မသားလေး? "
" ကလေးက အရမ်းလန့်သွားတော့ ထုံဆေးနဲ့ အဆင်မပြေတာနဲ့ မေ့ဆေးသုံးလိုက်ရတယ်... ဆေးအရှိန်ပြယ်ရင် နိုးလာပါလိမ့်မယ်"
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ"
ဝမ်ရိပေါ် ရှောင်ကျန့်ကိုကြည့်လိုက်တော့ အင်္ကျီနဲ့ဘောင်းဘီတွေမှာ သွေးစွန်းနေသည်။ အရင်က လူဆိုးပုံစံနှင့် မတူစွာ လုံးလုံးကိုကွဲထွက်နေသည်။
" ကဲ ကျိုးကျိုးရဲ့ မိဘတွေ ဆေးဖိုးရှင်းဖို့ သွားကြရအောင် "