ရှောင်ကျန့်က အံသြလွန်းလို့ မယုံနိုင်သည့် ဟန်ပန်အမူအယာဖြင့် ချိုင့်တွေကို ကြည့်နေခဲ့သည်။ ရှောင်ကျန့် ယူလာသည့်ချိုင့်ထဲတွင် ဟင်းပါဖို့နေနေသာသာ ဆားလေးတစ်မှုန်တောင် မပါခဲ့ပေ။ ချိုင့်အလွှတ်ကြီးတွေသာ ဖြစ်သည်။
ရှောင်ကျန့်က အင်မတန်အံ့သြနေဟန်ဖြင့် သူ့ကိုပြန်ခိုင်းစေချင်နေပြီဖြစ်တဲ့ ဝမ်ရိပေါ်ကို ချိုင့်အလွတ်တွေကို ယူပြလေသည်။
" ရိပေါ် ငါ့ဟင်းတွေ မရှိတော့ဘူးကော "
ရိပေါ်သိနေသည်။ ဒီရှောင်ကျန့်က အရာအားလုံးကို သေသေချာချာပြင်ဆင်ပြီး လာခဲ့ပြီဖြစ်သည်။ သူဒီနေရာတွင် ဆက်နေလျှင် ဆိုးရွာတာတစ်ခုခုဖြစ်တော့မည်ဆိုတာကို သိနေပြီ။ သူ့ရှေ့မှာ အချစ်အကြောင်းလာပြောကြရင်တောင် အချစ်ကအပူလုံးကြီးဖြစ်ကြောင်း သေသေချာချာရှင်းပြခဲ့သည့်လူက အိမ်ထောင်ပြုဖို့သူ့ဦးနောက်ထဲ နေရာသေးသေးတောင် စဥ်းစားဖို့မပေးထားပေ။ ထိုကဲ့သို့လူစားမျိုးက သူ့ခင်ပွန်းလောင်းဆိုပြီး လူတွေအများကြီးရှေ့ တွန့်ဆုတ်မနေဘဲ ပြောထွက်ရဲသည်။ ကျန်သည့်ကိစ္စ ရှောင်ကျန့် ဘယ်လောက်ထိပြောနိုင်လောက်မလဲဆိုတဲ့ အတိမ်အနက်ကို တွေးကြည့်မိတော့ သူခေါင်းကိုက်လာသည်။
" ရှောင်ကျန့် ရီစရာတွေ မလုပ်ပါနဲ့တော့... ပြန်ကြရအောင် ဟုတ်ပြီလား? "
ရှောင်ကျန့်က ဝမ်ရိပေါ်ကို ခေါင်းစောင်းလို့ အေးတိအေးစက် အပေါ်ယံအပြုံး ပြုံးပြလာပြီး သူ့မျက်လုံးအောက်ကို လက်ညှိုးထိုးပြခဲ့သည်။
" မြင်လား? မျက်ကွင်းညိုနေတာ...အဲ့အဓိပ္ပါယ်က ဘာလဲသိလား? ညကအိပ်မပျော်ဘူးဆိုတဲ့ အဓိပ္ပါယ်ဘဲ... မင်းနောက်ဆုတ်နေ... မင်းကိုလာထိရင် ငါ့ကိုငြိတာဘဲ..."
" ရှောင်ကျန့် မင်းကကျောင်းဆရာလေ... လူမုန်းများအောင် မနေနဲ့... "
" ရိပေါ် ငါဒီနေ့ မတွန့်ဆုတ်ဘဲ ဆက်လုပ်မယ့်အလုပ်က မှားလား မှန်လား ငါမသိတော့ဘူး...မှန်ချင်လဲမှန်နိုင်သလို မှားသွားတာလဲ ဖြစ်နိုင်တယ်... ဒါပေမယ့် ငါဂရုမစိုက်ဘူး... ငါသူတို့ကို သိစေချင်တာက မင်းကိုသူတို့လုပ်ချင်တိုင်း လုပ်လို့မရဘူး မင်းနောက်မှာငါရှိတယ် ဆိုတာကိုဘဲ... "