" ငါက အကျင့်ပုတ်တယ်... မင်းလိုမျိုး စာတော်တဲ့ကောင်လည်း မဟုတ်ဘူး... ဒါပေမယ့် မင်းငိုချင်တဲ့အခါ မျက်ရည်သုတ်ဖို့ ငါ့ပုခုံးတစ်ဖက်တော့ ငှားပေးလို့ရတယ်... မင်းငိုချင်လား? "
ဝမ်ရိပေါ်က ခေါင်းခါသည်။ သူ စိတ်ထဲမှာ မငိုဖို့ အဆုံးထိတင်းခံထားမည်။ သူမျက်ရည်ကျသွားတဲ့အကြောင်း သူ့မိဘတွေသိသွားဖြစ်ခဲ့ရင် သူ့ကြောင့်နောက်စံတင်းရမယ့် အဖြစ်မျိုးကို အဖြစ်မခံနိုင်ပေ။
" မင်းနဲ့ ငါနဲ့က ရုပ်ချောတာချင်း တူကြပေမယ့် တစ်နေရာကြတော့ ချို့ယွင်းသွားကြရော...မင်းက ငါ့ကိုမနာလိုသလိုဘဲ ငါလည်းမင်းကို မနာဘူး... မင်းဒီလောက်ခက်တဲ့ စာလုံးတွေကို အလွတ်ရနိုင်တဲ့ မင်းဦးနှောက်ကို ငါမနာလိုဘူး...မင်းအခု စိတ်ထဲမှာ အရမ်းတင်းကျပ်နေတယ်မလား? "
ဝမ်ရိပေါ် ခေါင်းညိမ့်ခဲ့သည်။ တင်းကျပ်လွန်းလို့ ပေါက်ကွဲသွားတော့မလိုပင်။
" မင်းအခု ရေတွေ အများကြီးသောက်ပစ်လိုက်...မင်းဗိုက်ကနေ လက်မခံနိုင်တော့တဲ့အထိ သောက်ပစ်လိုက်... ပြီးရင်ရှူးသွားပေါက်လိုက်...အဲ့လိုနည်းနဲ့ မင်းစိတ်ညစ်မှုတွေကို လွှတ်ထုတ်လိုက်... မျက်ရည်နဲ့မထုတ်ချင်ရင်တောင် အဲ့အရည်နဲ့ထုတ်လိုက်စမ်းပါ"
ပေါက်ကရကောင်!
ဝမ်ရိပေါ် ထိုအခါမှသတိထားမိသည်က ရှောင်ကျန့်ပေါင်ပေါ်က စာအုပ်ဖြစ်သည်။ ပြန်မပေးဘူးဆိုတဲ့ စာအုပ်ကို ပြန်ယူလာတဲ့ရှောင်ကျန့်ကြောင့် ရိပေါ် မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
" စာအုပ် ပြန်ပေးမို့လား? "
" သွားစမ်းပါ...ငါက ဒီစာအုပ်ကို အပိုင်သိမ်းပြီးသား...အခုဟာက ငါမင်းကို မသိတာတွေမေးစရာရှိလို့လာတာ.... ဒါပေမယ့် မင်းက စိတ်အခြေအနေမကောင်းတော့ မမေးတော့ဘူး "
" မေးလို့ရပါတယ်... "
ရှောင်ကျန့်က ရိပေါ်ရဲ့ပုခုံးကိုလှမ်းဖက်လိုက်သည်။ ရှောင်ကျန့်အတွက် ထိုအပြုအမူဟာ ရိုးနေပြီဆိုသည့်တိုင် ရိပေါ်ကတော့ ခံစားမှုအသစ်စက်စက်ပင်။