စခရင်သေးသေးလေးကနေမြင်ရတဲ့ ကြင်နာသူရဲ့ မျက်နှာလေးကို ရှောင်ကျန့် တစိမ့်စိမ့်ထိုင်ကြည့်နေသည်။ သူ့မိဘတွေအိမ်ကို သူရောက်နေပြီဖြစ်ကာ အဝေးမှာ ကျန်ခဲ့သည့် ဝမ်ရိပေါ်ကို သူ စ ချင်လွန်းလို့ အရမ်းကို လွမ်းလှပြီ။
" ဘေဘီ မင်းကလေ ငါ့ကောင်လေးမို့လို့လား မသိဘူး... တအားချောတာ... အဲ့မှာရှိတုန်းကကျ ငါ့မှာမင်းကို စဖို့ဘဲ စိတ်အားထက်သန်နေတော့ အခုလိုမျိုး တစိမ့်စိမ့်ထိုင်မကြည့်ခဲ့ရဘူးလေ...အခုမှဘဲ ကိုယ့်ဘဲကို ပြန်ငမ်းဖို့ အချိန်ပိုတော့တယ်... အရမ်းချောတာဘဲ..."
" အရူးထမနေနဲ့... ပိတ်ရက်ရတုန်း အိမ်ပြန်တာ ပါးတို့ကိုအလုပ်လုပ်ကူဦး... မင်းရဲ့ သူငယ်ချင်းတွေနဲ့ဘဲ အလေလိုက်မနေနဲ့... နောက်တစ်ခေါက်ထပ်ပြီး သတိပေးလိုက်မယ်... သူငယ်ချင်းဆိုတိုင်း ဖက်လိုက်ပွေ့လိုက် အရမ်းမလုပ်ကြနဲ့... ငါသဝန်တိုတယ်... နားလည်လား? "
" အွန်း... မင်းရဲ့စကားကို အရမ်းနားထောင်တဲ့ လိမ္မာတဲ့ကောင်လေးပါ..."
" ပြောလိုက်ရင်တော့ အဆင်ကိုချောနေတာဘဲ... လုပ်ရင်ကျ တစ်မျိုး..."
" ရိပေါ် လွမ်းတယ် "
ဝမ်ရိပေါ်က နှာခေါင်းရှုံ့သည်။
" ချွဲမနေနဲ့..."
" ကိုယ့်ကောင်လေးကို ကိုယ်ချွဲတာဘဲ... ဘာဖြစ်လဲ? လွမ်းတယ်... လွမ်းတယ်... လွမ်းတယ်... အရမ်းလွမ်းတယ်လို့..."
" ပြန်လာခဲ့လေ... "
ရှောင်ကျန့်က စိတ်ပျက်လက်ပျက်နှင့် လေပူတွေကိုမှုတ်ထုတ်သည်။
" ဒီကိုရောက်တာ တစ်ပတ်တောင်မပြည့်သေးဘူး... အဲ့ကိုပြန်မယ်လို့ ပြောကြည့်ပါလား? မားက ငါ့ကိုအသေဆူမှာပေါ့ကွ... မိဘတွေနဲ့ကျ လပေါင်းများစွာ ခွဲနိုင်တယ်... သူ့ရည်းစားနဲ့ကျ တစ်ပတ်ကလေးခွဲရတာကို ပြန်ချင်နေတာ ဖင်လိမ်နေပြီ... ဘလာ ဘလာ ဘလာ အဲ့လိုတွေပြောတော့မှာ ငါသိနေတယ် "
" တစ်လလောက်နေပြီးရင် ပြန်လာစေချင်တယ်... အမှန်အတိုင်းမပြောချင်ပေမယ့် မင်းပျော်သွားအောင် ပြောပေးလိုက်မယ်...မင်းကိုအရမ်းလွမ်းတယ်..."