ဝမ်ရိပေါ် လူနာကြည့်ပြီး ထွက်လာတော့ ဆေးရုံဝန်ထမ်းတွေရဲ့လက်ထဲ အထုပ်လေးကိုယ်စီနဲ့ ကော်ဖီတစ်ခွက်စီရှိနေသည်။
ဝမ်ရိပေါ်ကိုမြင်တော့ လက်ထဲကပစ္စည်းတွေကို မြောက်ပြကြကာ
" ဒေါက်တာ မွေးနေ့မှာ ပျော်ရွှင်ပါစေနော်... မုန့်တွေအတွက်လည်း ကျေးဇူးတင်ပါတယ် "
ဝမ်ရိပေါ် မျက်ခုံးတစ်ချက် ပင့်မိသွားပြီးမှ ချိုမြိန်တဲ့အတွေးစလေးက ခေါင်းထဲပေါ်လာတော့ သူပြုံးမိလိုက်သည်။ ရှောင်ကျန့် ဒီကောင်လေးကတော့။
" ကျေးဇူးပါ..."
ဝမ်ရိပေါ် သူတို့ကိုနှုတ်ဆက်ပြီးတော့ မုန့်ဝေနေသည့်နေရာဘက်သို့ သူသွားခဲ့သည်။ သူမြင်ခဲ့ရသည့်မြင်ကွင်းက လူတိုင်းလိုလို ပြုံးရွှင်နေကြသည်။ နားနားနေနေအိမ်မှာရှိနေကြမယ်လို့ ထင်ထားသော သူတို့မိဘတွေပါ လိုက်လာကြသည်။
ရှောင်ကျန့်က ပြုံးနေခဲ့သည်။ သူ့အပြုံးဟာ နွေးထွေးကာ လတ်ဆတ်နေသည်။ဝမ်ပါးပါးလက်ထဲက မုန့်ထုပ်ကို လက်ဆင့်ကမ်းယူပြီး nurseမလေးကို ပေးပြီးသည့်နောက် ခပ်လှမ်းလှမ်းတွင် ရပ်နေသည့် ဝမ်ရိပေါ်ကို မြင်သွားသောခါ လက်ကိုမြောက်ကာ ဝေ့ယမ်းပြခဲ့သည်။
" ရိပေါ်... "
ဝမ်ရိပေါ်က သိသိသာသာကြီး ပြုံးမနေခဲ့ပါ။ သူတို့နားရောက်သွားချိန်တွင် သူ့ကိုမွေးနေ့ဆုတောင်းပေးတဲ့ စကားသံတွေကို ကျေးဇူးတင်စကားနှင့် တုံ့ပြန်ခဲ့သည်။
××××
ဝမ်ရိပေါ်က သူတို့ကို ဆေးရုံအပြင်ဘက်ထိ လိုက်ပို့ပေးခဲ့သည်။ ဝမ်ရိပေါ်က ရှောင်ကျန့်ရဲ့ လက်ကိုကိုင်ထားတုန်းပင်။ ရှောင်ကျန့်က ဘယ်ညာရှေ့နောက် ပတ်ပတ်လည်ကြည့်ပြီးနောက် ဝမ်ရိပေါ်ရဲ့ ပါးကို ဖျတ်ခနဲနမ်းခဲ့သည်။
" ပျော်လား? "
" ဒီနှစ်မွေးနေ့က ကိုယ်ဖြတ်သန်းခဲ့ပြီးတဲ့ မွေးနေ့တွေထဲမှာ အထူးခြားဆုံးနဲ့ အပျော်ရဆုံးမွေးနေ့ဘဲ"