ရှောင်ကျန့် မျက်နှာဟာ ဆူပုတ်နေကာ ဒေါသလည်းထွက်နေခဲ့သည်။ ဝမ်ရိပေါ် ရှောင်ကျန့်သယ်လာတဲ့ အထုပ်ကိုယူလိုက်ပြီး ဆိုင်ကယ်လက်ကိုင်တွင် ချိတ်လိုက်ကာ ရှောင်ကျန့်ကို ဆိုင်ကယ်ဦးထုပ် ဆောင်းပေးလိုက်သည်။
" အိမ်ပြန်ကြစို့ "
" မင်းကိုယ့်အိမ်ကိုပြန်နေ... မဟုတ်ရင် ဒီညမင်းအရိုးတွေအကုန်လုံး ငါချိုးပစ်မှာ "
ဝမ်ရိပေါ်က ဘဲရုပ်ဆိုးလေးဖြစ်နေတဲ့ ရှောင်ကျန့်ပါးကို ခပ်သာသာလေး ညစ်လိုက်သည်။
" ပြောပါဦး ငါတို့အိမ်က ကျန့်ကျန့် ...မျက်နှာကလည်း ရှုံ့မဲ့နေတာဘဲ... ဘာတွေဖြစ်လာတာလဲ?"
" မင်းကြောင့်လေ! အားလုံးမင်းကြောင့်ဘဲ..."
ရှောင်ကျန့်က ဝမ်ရိပေါ်ရဲ့ လက်ကိုဖယ်လိုက်ကာ ဆိုင်ကယ်ပေါ်တက်ပြီးသည့်တိုင် ဝမ်ရိပေါ်က မမောင်သွားသေးပေ။ သူနဲ့ ရှောင်ကျန့်က အခုမှပြန်ဆုံတာလေ။ သူတို့စကားတောင် မများရသေးဘူး။ သူဒေါသထွက်တာ သူနဲ့ဘာဆိုင်လို့လဲ?
" မမောင်းသေးဘဲ ဘာလုပ်နေတာလဲ? "
" စဥ်းစားနေတာလေ... မင်းဒေါသထွက်နေတာ ငါ့ကြောင့်ဆိုလို့ ငါဘာတွေများ လုပ်မိထားလဲလို့ "
" ကလေးများနေ့ အခမ်းအနားမှာ မင်းကြောင့် ငါ အမေနေရာကနေ ပြဇာတ်မှာ သရုပ်ဆောင်ရတော့မှာ... မင်းကြောင့်"
ဝမ်ရိပေါ် စဥ်းစားလို့ မရနိုင်အောင်ကို ဖြစ်သွားခဲ့ပြီ။ အမေနေရာမှာ ရှောင်ကျန့်သရုပ်ဆောင်ရတာနဲ့ သူနဲ့ဘာဆိုင်လို့လဲ? တောင်နဲ့မြောက် အရှေ့နဲ့အနောက်ကို။
" မင်းပြောကြည့်...တစ်လအတွင်း muscleတွေအပြည့် ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ? ပါးမှာက အစကွာ 8packတွေ အပြည့်ဖြစ်အောင် ငါတစ်လအတွင်း အသေကြေကြိုးစားရင် ဖြစ်နိုင်လား? "
" အိမ်မက်ထဲကနိုးထခဲ့တော့... သေချာထိုင် မောင်းတော့မယ် "
××××
ရှောင်ကျန့်၏ အိမ်ရှေ့တွင် မိန်းကလေးတစ်ယောက်ရောက်နေသည်။ ရိပေါ် မျက်မှောင်ကြုတ်လိုက်သည်။ ထိုမိန်းကလေးဟာ ရှောင်ကျန့်ငှားထားတဲ့ အိမ်ပိုင်ရှင်၏ သမီးဖြစ်သည်။ ဝမ်ရိပေါ် ဆိုင်ကယ်ရပ်တော့ ရှောင်ကျန့်က ဆင်းလာပြီး ဝမ်ရိပေါ်ကို တစ်ချောင်းပေးလိုက်လို့ တစ်ချောင်းတည်းသာ ကျန်တော့သည့် ခြံသော့ကို အိတ်ထဲက ထုတ်ကာ ထိုမိန်းကလေးကို ကြည့်လိုက်သည်။