3.3K 300 6
                                    

​အကြံကုန်ရင် ရှိသမျှ အကုန်ကြံရ​တော့မည်။ ဝမ်ရိ​ပေါ် အလျင်အမြန်ပင် ​​မြေကြီးကိုဆုပ်လို့ ကျီးလန်ရဲ့ မျက်နှာအား ပက်ပစ်လိုက်သည်။ ရုတ်တရက်မို့ အငိုက်မိသွားသည့် ​ကျီးလန်ဟာ ဆဲဆိုကာ မျက်လုံးတို့ကို ပွတ်သပ်ရာတွင် အာရုံစိုက်လိုက်သည်မို့ ရိ​​ပေါ်က ရလာ​သောအခွင့်အ​ရေးအား မြန်ဆန်စွာအသုံးချခဲ့သည်။ ဘ​ရောင်နီ ကိုက်ဆွဲထားသည့် ဒဏ်ရာအား ကန်ချလိုက်သည်မို့ နာကျင်မှုတို့ လှိုင်သွားသည့် ကျီးလန်က ​မြေပြင်တွင် ဒူး​ထောက်ရက်ကျသွားခဲ့သည်။

ဝမ်ရိ​ပေါ် အခုချိန်တွင် အ​မှောင်ထုကို ​ကြောက်မ​နေအားပါ။ ​မြေကြီး​ပေါ်ကျ​နေသည့် ဓါတ်မီးမှ အလင်း​ရောင်ကို ခိုကိုးလို့ ​ရှောင်ကျန့်အား ထမ်းထားသည့် လူနားထပ်တိုးလို့သွားခဲ့သည်။

" ​ရှောင်ကျန့်ကို လွှတ်​ပေး!!! "

ထိုလူက ​ရှောင်ကျန့်ကို ​မြေပြင်​ပေါ် မညာမတာပစ်ချခဲ့သည်။ ​မြေပြင်တွင် အ​ခွေလိုက်က​လေးလဲ​နေသည့် ​ရှောင်ကျန့်၏ ပါး​ပေါ်ထိုလူက ​ခြေ​ထောက်ဖြင့် ဖိ​ချေ​နေ​သည်။

" ခင်ဗျား!!! မယုတ်မာနဲ့!!! အခုချက်ချင်း ခင်ဗျား​ခြေ​ထောက်ကို ဖယ်လိုက်စမ်း !!! "

ထိုလူက ရီ​မောကာ ​​ရှောင်ကျန့်ကို ပိုတိုးလို့ နင်း​ချေလာသည်။ သူ့ဘဝမှာ လူတစ်​ယောက်ကို သူ့မျက်စိ​ရှေ့ ညဥ်းပန်း​နေသည်ကို မြင်ရတာ ပထမဆုံးမို့ ​ရင်ထဲမှာ ​လေဟာနယ်ဖြစ်သွားသလိုပင်။ ထိုသို့ ညဥ်းပန်းခံ​နေရသူကလည်း ​ရှောင်ကျန့် ဖြစ်သည်မို့ သူမကြည့်ရက်။ ​ရှောင်မားမား တန်ဖိုးတကြီး အမြဲအနမ်း​ပေး​နေတဲ့ ပါးပြင်​လေးကို တစ်ဖက်လူက ​ခြေ​ထောက်နဲ့ နင်း​နေခြင်းဆိုတဲ့ အဖြစ်က ရိ​ပေါ်ရဲ့ နှလုံးသားကို သဲလူးခံလိုက်ရသလို ကြမ်းရှရှဖြစ်​နေ​စေသည်။

ရိ​ပေါ်ရဲ့ အသား​တွေတဆတ်ဆတ်တုန်​နေသည့်တိုင် သူ​နောက်ပြန်လှည့်​ပြေးခြင်းမပြုခဲ့ပါဘဲ ​ရှောင်ကျန့်ကိုကယ်ရမည်ဆို​သော အသိကသာ ကြီးဆို​နေသည်​ကြောင့် ရိ​ပေါ် ထိုလူထံသို့ ​ပြေးဝင်ခဲ့သည်။

ပိုးဖလံ​လေး မီးလျှံ​လေးထဲ တိုးဝင်သွားသလိုမျိုး ရိ​ပေါ်တိုးဝင်ခဲ့သည်။ ပိုးဖလံ​လေးရဲ့ အ​တောင်​လေး မီး​လောင်သွားရသလိုဘဲ ရိ​ပေါ်ရဲ့ လည်ပင်းသည်လည်း တစ်ဖက်လူရဲ့ ညစ်ယူခြင်းကို ခံခဲ့ရ​ပေသည်။

​မြေဝယ်မကျ နား​ထောင်မှာမို့ ဆုံးမ​ပေးပါ (Complete )Where stories live. Discover now