ကျန်စီနီယာ ၂ယောက်နဲ့ ဇနီးများဟာ ရှောင်ကျန့်သူတို့ကို ထိပါးလာလျှင် ပြန်ပြောဖို့ရာ စကားတွေရှာထားပေမယ့် ရှောင်ကျန့်က သူတို့ကို ဘာမှပြောမလာပေ။ အားလုံးရဲ့အရှေ့တွင် သူတို့ဟင်းခွက်တွေ တင်ထားသည့် စားပွဲကို မှောက်ချပစ်လိုက်သည်။ သူတို့ အဝတ်အစားတွေ ပေကုန်သလို သံမန်တလင်းပေါ်တွင်လည်း ဟင်းများလွှင့်စဥ်ကုန်သည်။
လီစန်းက ဒေါသမထိန်းနိုင်စွာဘဲ ရှောင်ကျန့်ထံ လက်သီးပစ်သွင်းလာသည်။ ရှောင်ကျန့်ထံ လက်သီးမရောက်ခင်တွင်ဘဲ သူ့လက်ကောက်ဝတ်က ဖမ်းချုပ်ခြင်းခံလိုက်ရပြီး လှုပ်ရှားမှုသေးသေးလေးတောင် လုပ်၍မရတော့ပေ။
သူ့လက်ကောက်ဝတ်ကို အားပြင်းပြင်းနှင့် ချုပ်ထားသူမှာ ဝမ်ရိပေါ်ဖြစ်နေသည်။ သူ့အရိုးကျိုးလုနီးနီး ဖြစ်နေတဲ့ ဖိအားကို ထုတ်လွှင့်ထားတဲ့ ဝမ်ရိပေါ်ရဲ့ မျက်နှာ အမူအယာဟာ သာမန်နေ့ရက်တွေတွင် မြင်နေကျ အတိုင်းပင်။ တစ်စုံတရာကို အားစိုက်ထားကြောင်း ဖော်ပြနိုင်သည့် အမူအယာမျိုးဟူ၍ ရှာလို့တောင်မရပေ။
ဝမ်ရိပေါ်ရဲ့ မျက်နှာက သူ့မြင်ကွင်းရှေ့ရောက်လာတဲ့အခါ သူ့ကို မထီမဲ့မြင် မလေးမစားကြည့်နေသည့် ရှောင်ကျန့်က ပျောက်ကွယ်သွားသည်။
" စီနီယာ... လက်မပါကြရအောင် "
" ဝမ်ရိပေါ် မင်းရဲ့လူက ဒီပြသနာကို အရင်မီးမွှေးခဲ့တာကွ! သူ့ကိုငါ မထိုးနိုင်ရင် ငါလူမလုပ်တော့ဘူး "
လီစန်း ဝန်မခံချင်သော်လည်း ဝန်ခံပါသည်။သူတောင်ပေါ်သို့ မသွားချင်ပေ။ ထို့ကြောင့် ရရာကြံပြီး မသွားရဖို့ရာ အကောင်းဆုံးကြိုးစားခဲ့ပါသည်။ရှောင်ကျန့်သူတို့ကို တော်တော်လေးရစရာမရှိအောင် ပြောနေတာတောင် သူမသိကျိုးကျွံပြုကာ ငြိမ်ခံနေခဲ့သည်။သူတစ်စုံတစ်ရာ ဝင်ပြောလိုက်လို့ အခြေအနေတွေပြောင်းလဲသွားမှာ သူမလိုလားလို့ဖြစ်သည်။ သို့ပေမယ့် ရှောင်ကျန့်က သူ့ဇနီးချိုရင်းရင်းကို မျက်ရည်ကျစေတဲ့အထိ ရှောင်ကျန့်ပြုမူခဲ့သည်။သူ ဆက်လို့သည်းမခံနိုင်တော့။