" ပုဇွန် "
" ဟ ပါးစပ် "
ရှောင်ကျန့်တစ်ယောက် အဲ့တစ်ယောက်ကို ခွံ့ကျွေးနေရသည်။ တစ်နေ့လုံး အဲ့ညာလက်နဲ့ ဟိုပစ္စည်းသယ် ဒီပစ္စည်းရွေ့။ ချက်ပြုတ်ကြော်လှော် လုပ်ချင်သလိုလုပ်နေတဲ့အချိန်တွေကျတော့ အဲ့လက်ကမနာဘူးတဲ့။ ဒီတူလေးနှစ်ချောင်း ကိုင်ဖို့ကျတော့ မကိုင်နိုင်လို့ လွှတ်ကျသွားသည်တဲ့လေ။ အရမ်းကို ယုတ်တိမဆန်တာဘဲ။ တူတွေဇွန်းတွေ မကိုင်နိုင်လို့ မစားတော့ဘူးလုပ်နေတော့ မနေနိုင်တဲ့ သူကဘဲ ခွံ့ကျွေးနေရတယ်။
" ဟ ပါးစပ် "
ရှောင်ကျန့် ဝမ်ရိပေါ် စားနေတာကိုကြည့်ရင်း အတွေးပေါက်သွားသည်။ထို့ကြောင့် ဝမ်ရိပေါ်ကို မေးခဲ့သည်။
" ဝမ်ရိပေါ် ... ငါစဥ်းစားမိတာ အခုလေးတင်ဘဲ...မင်း လူတွေရဲ့ အသည်းတို့ နှလုံးတို့ ကျောက်ကပ်တို့ မျက်ကြည်လွှာတို့ သွေးတို့ကိုများ မင်းမှောင်ခို လုပ်နေတာလား? "
" ဘာအရူးထပြန်ပြီလဲ? စားစရာရှိတာစား...ခွံ့စရာရှိတာခွံ့ "
" အေးပါ မင်းမှောင်ခို လုပ်နေတဲ့အကြောင်း ငါဘယ်သူ့ကိုမှ မပြောပါဘူးကွာ "
×××××
ရှောင်ကျန့် စားပြီးသောက်ပြီး ဆေးကြောပြီးနောက် အညောင်းအညာဆန့်ရန် အိပ်ယာပေါ် ပစ်လဲချလိုက်သည်။
" အား ငါ့အချစ်လေး... ငါမင်းကို လွမ်းလွန်းလို့ သေတော့မလိုဘဲ "
ရှောင်ကျန့် သူ့ခန္ဓာကိုယ်ကို ကုတင်ပေါ်တွင် တစ်ပတ်လောက်လှိမ့်ပစ်လိုက်ပြီး မျက်နှာကျက်နှင့် သူမျက်နှာချင်းဆိုင်ဖြစ်သွားသည့်အခါ ကျေနပ်မှုများစွာဖြင့် ရှောင်ကျန့်နှစ်ထောင်းအားရ ပြောတော့သည်။
" ဘဝကြီးက ချိုမြိန်လိုက်တာကွာ... "
" ရှောင်ကျန့် မင်းမားမား ဖုန်းဆက်တယ် "
ရှောင်ကျန့် ဖုန်းပြန်မဝယ်ရသေးပါ။ ဖုန်းအကြောင်းတွေးမိရင် ဝမ်ရိပေါ်ကို အတောင့်လိုက် မြိုချပစ်လိုက်ချင်သည်။ ရှောင်ကျန့် နှာခေါင်းရှုံ့ကာ ဖုန်းယူလိုက်သည်။