🍒2🍒

1.5K 143 2
                                    

Zawgyi ver

"မဟုတ်ဘူး.....လပြည့်လေး....လပြည့်လေး..... "

ကြောက်တဂါးနဲ့ ရူန်းကန်ရင် လပြည့်လေးကိုမြင်ယောင်ကို လိုက်ဆွဲ ကြည့်ပေ့မယ် လေဟာနယ်ကိုသာ ဖမ်းဆုတ်မိတာ
ကြောင့် ဝမ်းနည်းစွာငိုကြွေးမိပေ့မယ် သူဘေးကငိုရိုက်သံသေးသေးကိုကြားလိုက်ရပြန်တယ် လပြည့်လေးလား....

"ကိုကို ကိုကိုသွန်း....ဟင့်....အီးးး...ဟီးးးး"

နွေးထွေးနေတဲ့ လက်ဖဝါးသေးသေးလေးရဲ့ရိုက်ခပ်မူနဲ့အတူ ကြောင်လေးအီသံလေးတွေ့လို ချိုသာလှသည့် ငိုရိုက်သံသေးသေးလေးကြောင့် သွန်းထက်နေ မျက်လုံးကိုအားယူကာအမြန်ဖွင့်ကြည့်လိုက်​ပြီး  အိပ်ယာ​ပေါ်လှဲနေတာကနေ
ထထိုင်မိလိုက်သည်။

"လပြည့်လေး.... လပြည့်လေး... "

လပြည့်လေးက သွန်းအိပ်ကုတင်ဘေးကအရုပ်ကလေးများနဲ့ဆော့ကစားနေဟန်ပင်  ခြေခေါက်ထိုင်ကာ ငိုရိုက်နေတဲ့ပိစိလေးကို သွန်းထက်နေ ရင်ခွင်ထဲ ထွေးပွေးကာ
အတော်ကြာငိုက်ရိုက်မိပြီးနောက်....

"ငါ...အိမ်မက် မက်နေတာလား...မဟုတ်ဘူးသေး...ငါတကယ်နာကျင်ခဲ့တာ... အခုက ဘယ်နှစ်လပိုင်းလဲ....ပြီးတော့
လပြည့်လေး က...."

လ​​ပြည့်လေးရဲ့ ပါးဖောင်းဖောင်းလေးက သွန်းထက်နေထွေးပွေးကာ ဖက်ထားခြင်းကြောင့်အနည်းငယ်နီရဲလျက် ငိုရိုက်ထားတာကြောင့် မျက်လုံးလေးတွေ့က အနည်းငယ် ဖောင်းကာ နီရဲနေခဲ့ပေ့မယ် ချစ်စရာကတော့အလွန်ကာင်းနေခဲ့သည်။

"လပြည့်လေး က ၂နှစ်သား အရွယ်ဘဲရှိသေးတာလား...ဒါဆိုဒီနေ့က အဖေနောက်အိမ်ထောင်ပြုသွားခဲ့တဲ့ရက်လား"

ဟုတ်ပါတယ် ထိုနေ့က သွန်းထက်နေကိုအဖေက ကြိုသတိပေးထားပြီးသူတို့လက်မှတ်ထိုးပွဲသို့မလာရန်​ပြောခဲ့တာကြောင့် ဝမ်းနည်းစွာနဲ့ညီအစ်ကို၂ယောက်အိမ်မှာအိပ်နေကြခဲ့တာပင်
သွန်းထက်နေ တွေးနေစဉ်မှာဘဲ အဖေဖြစ်သူဆီက ဖုန်းဆက်လာခဲ့သည်။

"အဖေ"

"သွန်းထက်နေ ငါ မေ နဲ့လက်မှတ်ထိုးပြီးသွားပြီ အခုမင်းတို့နေနေတဲ့အိမ်ကမင်းတို့အမေပိုင်တာမို့လို့ အဲအိမ်မှာ မင်းတို့၂ယောက်နေလို့ရတယ် ငါနဲ့မေ ကတော့ မေအိမ်မှာဘဲ နေမလို့....."

After being reborn, he became her father (No Translation OC fic)Where stories live. Discover now