🍒18🍒 'Final '

694 43 1
                                    

zawgyi ver

"ကျွန်မအဖေကို မြူစွယ်လို့ ပညာပေးရုံဘဲလို့ ပြောပြီးပြီလေ "

"ကလေးမလေး မင်းအခုရောက်နေတာမင်းအိမ်မဟုတ်သလို မင်းအစေခံတွေကိုစကားပြောနေတာမဟုတ်ဘူးနော် စကားကိုဆက်ဆင်ခြင်ခြင်ပြောပေးပါ ဉီးတို့အနေနဲ့မင်းအပေါ် ထပ်ပြစ်မူစွဲတင်လို့ရအောင်မလုပ်ပါနဲ့ အခုမင်းအမှန်တရားကို ရှင်းရှင်းလင်းလင်းပြောပြီအယူခံဝင်ရင် ပြစ်ဒဏ်နည်းသွားနိုင်သေးတယ်နော် "

"ဒီမှာ ကျွန်မမလုပ်တဲ့ဟာကိုအတင်းဝန်ခံခိုင်းနေတာလား ရှင်တို့ကျွန်မဘယ်သူဆိုတာသိကြလား ကျွန်မက "

"မင်းကိုစွဲချက်တင်ထားတာက မင်းရဲ့မွေးစားအဖေကိုယ်တိုင်ပါ မင်းလုပ်ကြံမူကိုသိလို့ကြိုတင်ပြင်ဆင်ထားခဲ့တာ မင်းပြစ်မူကျူးလွန်ပြီ မင်းမွေးစားဖခင်ကို စွဲလမ်းနေတဲ့အဖြစ်တွေအကုန်လုံးကို vd file ရှိတယ် "

"ဘ ဘာလို.. ဘာလုပ်ရှိနေမှာလဲ ပြီးတော့အခုကလဲ အဲအပျက်ကောင်မှမဟုတ်တာ အဲအပျက်ကောင်က daddyနဲ့မထိုက်တန်ဘူး ဆင်းရဲတဲ့ခွေးတွေလေ သူတို့ကများ ငါနေရာကိုလုရဲတာ ငါကိုလာစမ်းတာလဲမလား "

" ပါးစပ်ပိတ်ထားစမ်း မင်း "

"ထိုက်ထိုက် စိတ်လျော့ ကိုယ်ဆက်မေးလိုက်မယ် "

လွမ်းဇင်မိုးထက်ဇော် ကိုဖမ်းလာ​ပြီးနောက် စစ်ဆေးမေးမြန်းခဲ့ကြတယ်သူမလုပ်ကြံရတဲ့အကြောင်းအရင် အမှန်တကယ်သတ်ရန်ကြံရွယ်ထားတဲ့အကြောင်းအရင်း အခိုင်းအလုံကိုလက်ဝယ်ရထားပေ့မယ် သူမကတော့ဝန်ခံဖို့ခေါင်းမာနေဆဲ ဖြစ်လေသည်။

လွမ်းဇင်မိုးထက်ဇော် ရဲ့မိုက်ရိုင်းတဲ့စကားတွေကြောင်း ထိုက်ထိုက်ဆိုတဲ့ရဲမေ မလေးဒေါပွကာ စစ်ဆေးနေတဲ့စာအုပ်နဲ့ရိုက်ရန်အထိ ဖြစ်သွားတာကြောင့် ဘေးနားက ထိုက်ထိုက်ချစ်သူကောင်လေး ရဲအုပ်ကြီးမှ ဝင်ထိန်းကာ ထိုက်ထိုက်ကို အပြင်သို့ ထွက်စေကာ( ရဲအုပ်ကြီး) ဟိန်းလွင် မှစစ်မေးရလေသည်။ သို့သော်ဘာမှမထူးသည့်အပြင်မိုက်ရိုင်းတဲ့စကားအသုံးအနူန်း မိုက်ရိုင်းတဲ့အဆဲအဆိုတွေ့ကြောင့် နောက်ဆုံး၌ ဟိန်းလွင် စိတ်လျော့ကာ အချုပ်ထဲသာထည့်လျက် ထိုက်ထိုက်ဆီ လျှောက်လာခဲ့တော့သည်။

After being reborn, he became her father (No Translation OC fic)Where stories live. Discover now