🍒3🍒

1.2K 124 3
                                    

Zawgyi ver

"ကျွတ်....ငါကိုမေးခွန်းလေးမေးဖို့အချိန်တောင်မပေးလိုက်ဘူး..."

"မှာထားတာရပါပြီအကို"

"ကျေးဇူးပါ "

'မအားဘူး'ဆိုတဲ့ စကားကိုပြောပြီးတာနဲ့ လှည့်ထွက်သွားခဲ့တာကြောင့် သွန်းထက်နေ မှာ ဘာစကားမှထက်မဆိုလိုက်ရတော့ပေ။

လပြည့်လေးကို ဘေးအိမ်ကအဒေါ်ဆီအပ်ခဲ့ရတာကြောင့် ကုမ္ပဏီ ရှေ့ဆက်ရပ်မနေတော့ဘဲ အိမ်ကိုပြန်ခဲ့တော့သည်။ လပြည့်လေးအတွက်ပဲပေါက်ဆီလေးကို ဝယ်ရင် ဆက်ဘာလုပ်ရမလဲဆိုတာကို တွေးကြည့်နေမိတယ်

📲📲📲

"ပြော လွမ်းဇင်မိုးထက်ဇော် "

"ကိုသွန်း... ဘာဖြစ်လို့လဲ လွမ်းကိုစိတ်ကောက်နေတာလား.. လွမ်းနာမည်ကိုတစ်ခါမှ အပြည့်အစုံမခေါ်ဖူးသလိုဘဲ"

"ဟက်...ကိုယ်မင်းဆီ စာပို့ထားတယ် မင်းကြည့်လိုက်သေးလား"

"အို့.. စာလား...မအားလို့မကြည့်ရသေးဘူး...အားရင်ကြည့်လိုက်မယ်လေ... အခု လွမ်းကသူငယ်ချင်းတွေ့နဲ့ သောက်တာနည်းနည်းလွန်သွားလို့ လွမ်းကားမောင်းလို့မရတော့လို့ လာခေါ်ပေး ပြီးရင်အမူးပြေဆေးဝယ်လာခဲ့ အိမ်ကိုအရက်သောက်ပြီးပြန်လာတာdaddyသိရင်အဆူခံရမှာ"

"လွမ်းဇင်မိုးထက်ဇော် မင်းမှာ လူတစ်ယောက်ကို လေးလေးစားစား ဆက်ဆံရမယ်ဆိုတဲ့ အယူဝါဒကမရှိတာလား ငါကမင်းရဲ့ကောင်လေးဖြစ်ခဲ့တော့ငါမင်းအပေါ်ကိုလေးစားမူကြင်နာမူ သည်းခံမူ ချစ်ခင်သနားမူက မင်းအပေါ်ငါလုံလုံလောက်လောက် မဟုတ်သေးဘူး လုံလောက်တာထက်ပိုပေးခဲ့တယ်.... ဘာလဲ မင်းဆီက ငါပြန်ရတာက အလေးမထားဘူး... အရေးမပါတဲ့လူတစ်ယောက်လိုမျိုး နဲ့ လိုသုံးလူတစ်ယောက်လို့သာ
အ ပြုအမူ တွေ့လား"

"သွန်းထက်နေ နင်ငါကိုဒီလိုစကားတွေ့ပြောနေတာက ဘာလဲ ငါကိုအာခံချင်နေတာလား နင်ကိုငါသတိမပေးခဲ့ဘူးလို့ လာမပြောနဲ့နော် ငါပါးစပ်ကစကားတစ်လုံးလောက်​ပြောလိုက်တာနဲ့ နင်နဲ့နင်ညီက အိုးမဲ့အိမ်မဲ့ ဖြစ်သွားနိုင်တယ်ဆိုတာကို နားလည်လား"

After being reborn, he became her father (No Translation OC fic)Where stories live. Discover now